AD
AD
AD

ရီးရဲမက်ဒရစ်အသင်းမှ မန်ယူကစားသမားဟောင်း စီရော်နယ်ဒိုဟာ လက်ရှိ မန်ယူအသင်းက လူငယ်တိုက်စစ်မှူး မားကို့စ် ရက်ရှ်ဖို့ဒ်ကို ရှုးဖိနပ် တစ်ရံ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ဖိနပ်ကိုတော့ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကို ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြထားခဲ့တာ လည်း ဖြစ်ပါတယ်။

play

ဒီဖိနပ်ရဲ့ အမျိုးအစားကတောာ့ Nike Air Max 97 CR7 အမျိုးအစားဖိနပ်ဖြစ်ပြီး ထုပတ်လုပ်သူက ရော်နယ်ဒိုရဲ့ မိခင်ကို အရိုအသေပေး သောအားဖြင့် ထုတ်လုပ်ထားတယ်လို့လည်းသိရပါတယ်။

play

 

ဒါ့အပြင် ဖိနပ်ရဲ့ နောက်ဖက်ပိုင်းမှာလည်း ရွှေရောင် အစင်းလိုက်တစ်လိုင်းကို ပြင်ဆင်ထုတ်လုပ်ထားပြီး ရော်နယ်ဒိုရဲ့ CR7  အမည်ကို ရေး ထိုးထားပြန်ပါသေးတယ်။

ဒီဖိနပ်ကိုတော့ ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီဖိနပ်အသစ်ကို ၎င်းရဲ့ ရီးရဲအသင်းဖော်များကိုပင် လက်ဆောင်အဖြစ် ပေးခဲ့ခြင်းမရှိပဲ ၁၁ နှစ်ကြာ ဝေးကွာနေတဲ့အသင်း ဟောင်းက တက်သစ်စ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုသာ ပေးအပ်ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD