AD
AD
AD

ရိုးမား အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ယနေ့ည (မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်) အချိန်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရောမမြေမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

ပထမအကျော့ပွဲစဉ်မှာ လေးဂိုးမြောက် ဂိုးသွင်းယူပေးခဲ့တဲ့ လူးဝစ်ဆွာရာက်အနေနဲ့ ယခု ဒုတိယအကျော့ ပွဲစဉ်မှာလည်း ဂိုးစတင်ရရှိဖို့ အရေး ကြီးတယ်လို့ မိမိကို အကြံပြုထားကြောင်းလည်း ဗယ်လ်ဗာဒီက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

"ကျွန်တော်တို့အနေနဲ့ သတိကြီးဖို့တော့ လိုပါတယ်။သူတို့မှာလည်း ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားတာကြောင့် အနိုင်ရလဒ်အတွက် ဘာမဆို ဖန်တီးနိုင်စွမ်းရှိနေပါတယ်။ ပထမအကျော့က ဒီဇီကိုရဲ့ အဝေးဂိုးတစ်ဂိုးကလည်း သူတို့ကို အများကြီး အထောက်အပံ့ ဖြစ်စေထား တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အကောင်းဆုံး သတိရှိဖို့တော့ လိုပါတယ်။" လို့ ဗယ်လ်ဗာဒီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။

ဆက်လက်ပြီး ဗယ်လ်ဗာဒီက -" ကျွန်တော်တို့ဂိုးစတင်ရဖို့လိုပါတယ်။ဒီပွဲမှာ မက်ဆီက အရေးကြီးတဲ့ ကစားသမားဖြစ်လာမှာပါ။ ယုံကြည်မှု လွန် ကဲလို့တော့ မရပါဘူး။ကျွန်တော်တို့ရှေ့မှာ သာဓကကောင်းတွေ ရှိနေပါတယ်။"လို့ ပြောခဲ့ပါသေးတယ်။

မနှစ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာအသင်းအနေနဲ့ ပီအက်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ ၄-၀ ဂိုးနဲ့ အရေးနိမ့်ထားခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာတော့ သတိကြီးကြီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တာကြောင့် ပွဲအပြီးမှာ မယုံကြည်နိုင်လောက်စရာ ၆-၁ ဂိုးနဲ့ ပြန်လည်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ သာဓကအရ ဘာစီလိုနာအသင်း ပေါ့ဆလို့ မရသေးတာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD