AD
AD
AD

မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုက လီဗာပူးလ်အသင်းဟာ အမြင့်ဘောကစားတဲ့ အသင်းလို့ ပြောဆိုလိုက်ပြီး ချန်ပီယံလိဂ်ပွဲ မတိုင်ခင် အသင်းကို သတိပေးပြောကြားလိုက်ပါတယ်။ မန်စီးတီးနဲ့လီဗာပူးလ်တို့ကတော့ ဒီနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရတော့မှာလည်း ဖြစ်ပါတယ်။

play

 

ပထမအကျော့မှာတုန်းကတော့ လီဗာပူးလ်က (၃-၀) နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာမို့ မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် အနည်းဆုံး (၃) ဂိုးနဲ့အထက် သွင်းယူနိုင်မှ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ပထမအကျော့မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းကို ဖာနန်ဒင်ဟိုက -

play

 

" သူတို့ဟာ အမြင့်ဘောတွေကို အားပြုကစားခဲ့တာပါ၊ လီဗာပူးလ်ကစားသမားတွေဟာ ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ ကျွန်တော်တို့ရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အထူးသဖြင့် ပထမအကျော့မှာတုန်းက အသင်းဟာ ၁၀မိနစ်ကနေ ၁၅မိနစ်အတွင်းမှာ (၃)ဂိုး ပေးလိုက်ရတာမျိုးကို သတိထားရမှာပါ၊ ကျွန်တော်တို့ရဲ့ ပုံစံအစစ်အမှန်ကို ပြသဖို့ ကြိုးစားရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

play

 

" ကျွန်တော်တို့အနေနဲ့ တစ်ဂိုးပေးလိုက်ရတာနဲ့ အနည်းဆုံး (၅)ဂိုး ပြန်သွင်းမှ ဖြစ်မှာပါ၊ ဒါကြောင့် ကျွန်တော်တို့ဟာ ဂိုးမပေးရဖို့အတွက် အရမ်းအရေးပါလာပြီမို့ ဂရုစိုက်ကစားသွားရမှာပါ၊ ပရိသတ်တွေရဲ့ အားပေးမှုလည်း လိုအပ်ပြီးတော့ ကျွန်တော်တို့နဲ့အတူတူ မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြပါ၊ ကျွန်တော်တို့ရဲ့ အလုပ်ကို အကောင်းဆုံးပြုလုပ်နိုင်မယ်ဖို့ မျှော်လင့်ပါတယ်" လို့လည်း ဖာနန်ဒင်ဟိုက ထပ်မံပြောကြားခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ နောက်ဆုံးပွဲစဉ် (၂)ပွဲမှာ ပေးဂိုး(၆)ဂိုးအထိ ခွင့်ပြုထားခဲ့ရပြီး ရဂိုး (၂)ဂိုး ရရှိထားပါတယ်။ မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ၂ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှ မန်စိးတီးအသင်းဟာ (၃) ဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး အရေးနိမ့်ခဲ့မှုအပေါ်မှာ သင်ခန်းစာယူပြီး လီဗာပူးလ်နဲ့ပွဲအတွက် အာရုံအပြည့်အ၀ စူးစိုက်စေချင်တယ်လို့လည်း ဖာနန်ဒင်ဟိုက ပြောကြားခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD