AD
AD
AD

ဒေါ့မွန်အသင်းရဲ့ နည်းပြဟောင်း သောမတ်စ်တူချယ်ဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြအဖြစ် ပြုလုပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေတဲ့ တူချယ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ကြောင်းလည်း ဂျာမန်နာမည်ကြီးသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

play

 

ဒေါ့မွန်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ တူချယ်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင့်အနေအထားဖြစ်နေပြီး ပီအက်စ်ဂျီအသင်းကို သေချာပေါက်ကိုင်တွယ်မှာ ဖြစ်တယ်လို့ အဆိုပါ သတင်းစာက သုံးသပ်ခဲ့ပါတယ်။

play

 

 ပီအက်စ်ဂျီအသင်းကလည်း ဥရောပဖလားရရှိဖို့အတွက် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာမို့ လက်ရှိနည်းပြ အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်ဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လာလီဂါမှာ ရလာဒ်ဆိုးတွေနဲ့ ရုန်းကန်နေခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှ ခြေစွမ်းပြနေခဲ့ပြီး ပီအက်စ်ဂျီအနေနဲ့ ရီးရဲလ်ကို မကျော်လွှားနိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ကနဦးသတင်းများအရ ချယ်လ်ဆီးနည်းပြ ကွန်တီကို ခန့်အပ်မယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ တူချယ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

တူချယ်အနေနဲ့ အာဆင်နယ်နည်းပြဖြစ်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေတဲ့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် အပြီးသတ်မှာတော့ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့်ရာသီသစ်မှာတော့ ပီအက်စ်ဂျီအသင်းကို နည်းပြသစ်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး အသွင်သစ်ကိုပါ မြင်ရမှာလားဆိုတာတော့ စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD