AD
AD
AD

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ယခုနှစ်ရာသီအတွက် တစ်ခုတည်းသော မျှော်လင့်ချက်လို့ ဆိုရမယ့် ချန်ပီယံလိဂ် ဆုဖလားကြီးသို့ သွားရာလမ်းကတော့ ရင်တထင့်ထင့်နဲ့ပါ။

ရီးရဲအတွက် ထူးခြားချက်ကတော့ ယခုနှစ် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ တစ်သင်းတည်းသာရှိမယ့် ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ်ဆက်ရတဲ့အသင်းဖြစ်လာမှာလည်း ဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိအချိန်အထိ ချန်ပီယံလိဂ် ဆုဖလားကို ၂ ကြိမ်ဆက် ရယူထားနိုင်တဲ့အသင်းကလည်း ရီးရဲတစ်သင်းတည်းသာရှိသေးတာ လည်း ဖြစ်ပါတယ်။

ဒီတစ်ကြိမ်တော့ ရီးရဲအသင်း နောက်ထပ် ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံကာကွယ်နိုင်ဖို့ ကြိုးပမ်းနေပေမယ့် ခက်ခဲနေစေမယ့် အကြောင်းရင်း တွေကလည်း ကပ်ပါနေပါတယ်။

လက်ရှိအချိန်မှာ ရီးရဲအသင်းရဲ့ ချန်ပီယံလိဂ် သွားရာလမ်းမှာ အနီးကပ် ဒုက္ခပေးနေသူတွေကလည်း ရှိနေပြီး အဆိုပါ အနီးကပ် ဒုက္ခပေးနေသူ တွေကတော့ -

play

 

(၃) ကြိမ်ဖန်များစွာ အသုံးပြုနေရတဲ့ လူစာရင်း
---------------------------------------------

မိုရာတာ၊ပီပီနဲ့ ဂျိမ်းတို့ ထွက်ခွာသွားတဲ့ ရီးရဲအသင်းရဲ့လူစာရင်းမှာ နည်းပြဇီဒန်းက လူငယ်ကစားသမားတွေကို နေရာပေးထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

မားကို့စ် အဆန်ဆီရို၊လူးကပ်စ်ဗက်ကွက်စ်၊တို့နဲ့ ဖြည့်တင်းထားပေမယ့် အဓိက ပွဲထွက်ကစားသမားကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိသေးပါဘူး။ စပိန်နဲ့အတူ ခြေစွမ်းပြနေနိုင်တဲ့ အစ္စကိုလို ကစားသမားမျိုးတောင် အထိုင်မကျနိုင်လို့ စိတ်ညစ်နေရတဲ့ ရီးရဲအသင်းရဲ့ ပုံသေ လူစာရင်းက တစ်ချိန်မဟုတ်တစ်ချိန်မှာ ဒုက္ခ လှလှတွေ့ရဖို့ များနေတာလည်း ဖြစ်ပါတယ်။

ထိပ်တန်းအဆင့် ကစားသမား ၁၁ ယောက်သာသာသာကျန်ရှိတော့တဲ့အနေအထားမှာ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေ၊ပွဲပယ်ပြဿ နာတွေက ရီးရဲကိုအထိနာစေဖို့ စောင့်နေတာလည်း ဖြစ်ပါတယ်။

ယနေ့အချိန်ထိတော့ ခြေလှမ်းမှန်မှန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး ဆီမီးဖိုင်နယ်တက်လှမ်းဖို့အတွက်လည်း အခြေအနေအကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။

play

 

(၂) ဖိအားတွေနဲ့ ရင်ဆိုင်နေရခြင်း
----------------------------------

ကြယ်စင်စုအသင်းအတွက် ဖိအားတွေနဲ့ ရင်ဆိုင်ရတာ မဆန်းပေမယ့် ဒီတစ်ကြိမ်မှာတော့ ရီးရဲအသင်းဟာ အမှန်တစ်ကယ်ကို ဖိအားတွေ အောာက်ရောက်နေရတာလည်း ဖြစ်ပါတယ်။

ဒီရာသီ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ အခြေအနေမကောင်းသလို ထိပ်ဆုံးက ဘာစီလိုနာအောက် ၇ ပွဲကျန် ၁၅ မှတ်အလိုက ဘယ်လိုမှ အခြေ အနေကောင်းကို ဖန်တီးနိုင်မယ်လို့ မထင်ပါဘူး။

ဒါ့အပြင် ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့်ဒီရာသီတစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်အဖြစ် ချန် ပီယံလိဂ် ဆုဖလားတစ်ခုတည်း ကျန်ရှိနေရခြင်းကလည်း ရီးရဲကို ဖိအားတွေအောက် ရောက်စေတာဖြစ်ပါတယ်။

တစ်စတစ်စ မြင့်တက်လာတဲ့အဆင့်နဲ့အတူ ရီးရဲအသင်းကို ဖိအားတွေ ပိုစေလာပြီး ဒီဖိအားတွေကိုတော့ ရီးရဲမက်ဒရစ်အသင်းနဲ့ နည်းပြ ဇီဒန်း အကောင်းဆုံးကျော်ဖြတ်နိုင်မှသာလျှင် အသက်ရှုချောင်စေမှာလည်း ဖြစ်ပါတယ်။

play

(၁) ရော်နယ်ဒိုအပေါ် အလွန် အားပြုနေရခြင်း
---------------------------------------------

ရီးရဲအသင်း လာမယ့်နှစ်မှာ မဖြစ်မနေ ဖြေရှင်းရမယ့် အဓိက ပြဿနာတစ်ခုကလည်း ရှိနေပြီး အဲ့ဒါကတော့ အသက် ၃၃ နှစ်အရွယ် တိုက်စစ် မှူး ရော်နယ်ဒိုအပေါ်မှာ အလွန်အမင်း အားပြုနေတာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို အားပြုနေရတဲ့အကြောင်းကလည်း ရော်နယ်ဒိုက သာမန် ကစားသမားတစ်ဦးမဟုတ်တာကြောင့်ဖြစ်ပါတယ်။သို့သော်လည်း က စားသမားတစ်ဦးတစ်ယောက်တည်းကို ဂိုးရဖို့ အားပြုနေရခြင်းက ရေရှည်အတွက် မကောင်းတာတော့အမှန်ပါပဲ။

အကယ်၍ ရော်နယ်ဒို ပွဲပယ်(သို့) ဒဏ်ရာကြောင့်နားရဖို့ ဖြစ်လာခဲ့ရင် ဘန်ဇီးမားကို ရေရှည်အသုံးပြုမှာလား ဘေးလ်ကလည်း လက်ရှိမှာ ဒုတိယ ဦးစားပေး ကစားသမားအဖြစ် အရံမှာသာ ထိုင်နေရတာလည်း ဖြစ်ပါတယ်။

နောက်ထပ် လူငယ်တိုက်စစ်မှူး မားကို့စ်အဆန်ဆီရိုကလည်း ပွဲကြီးပွဲကောင်းတွေအတွက် လုံလောက်တဲ့ အတွေ့အကြုံရင့်ကျက်မှု ရှိပြီလား စတာတွေကို ဆန်းစစ်ဖို့တော့လိုနေတာ အမှန်ပါ။

ရီးရဲအသင်းအနေနဲ့ လက်ရှိမှာတော့ မနက်ဖြန် မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁နာရီ ၁၅ မိနစ်မှာတော့ ပထမအကျော့က ၃-၀ ဂိုးနဲ့ အနိုင်ယူထားတဲ့ အီတလီကလပ် ဂျူဗင်တပ် အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ပြန်လည်ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

အခု သုံးသပ်ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ နိုင်ငံတကာ အားကစား ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ Sportskeeda ရဲ့ သုံးသပ်ချက်များသာ ဖြစ်ပါ တယ်။

Source - Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD