AD
AD
AD

ဂွာဒီယိုလာရဲ့ လူထုတ်ပုံက မေးခွန်းထုတ်စရာတွေ ရှိခဲ့ပါတယ်။ နိုင်ပွဲလိုအပ်ပြီးတော့ ဂိုးပြတ်ပါအနိုင်ရမယ့်ပွဲမှာ အတွေ့အကြုံရင့်နေတဲ့ အဂူရိုကို ချန်လှပ်ထားရတာ ဘာကြောင့်လဲဆိုတာပါပဲ။ ဂါဘရီရယ်ဂျီးဆပ်နဲ့ အဂူရိုကို တွဲဖက်ပေးပြီး တိုက်စစ်ပိုင်း အင်အားကို အတောင့်တင်းဆုံး အနေအထားနဲ့ ပွဲထွက်သင့်ခဲ့ပေမယ့် ၃-၅-၂ ဆန်ဆန် ပွဲထုတ်ခဲ့ပါတယ်။

play

 

လီဗာပူးလ်ကတော့ ထုံးစံအတိုင်း မာနေ၊ ဖာမီနို၊ ဆာလာတို့ တိုက်စစ်နဲ့ ပွဲထုတ်ခဲ့ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ပွဲပယ်ခံရမှုကြောင့် ၀ိုင်နယ်ဒမ်လ်က ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ အနားပေးထားခဲ့တဲ့ ရောဘတ်ဆန် နဲ့ အာနိုးလ်တို့ ခံစစ်အစွန်နှစ်ဖက် ပြန်လည် ကစားခဲ့ပြီး အဝေးကွင်းမှာ ရင်ဆိုင်လာခဲ့ပါတယ်။

play

 

ဘောလုံးပိုင်ဆိုင်မှုအရ မန်စီးတီးက သာလွန်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုအပိုင်းမှာ မန်စီးတီး အားနည်းမှုတွေ ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အိမ်ကွင်းမှာ ဖိအားတွေရှိနေလို့ ပွဲစကတည်းက တိုက်စစ်တင်ကစားခဲ့ပြီး အဖွင့်ဂိုးကို စောစောစီးစီး ရခဲ့တာကလွဲရင် ကျန်တဲ့အပိုင်းမှာ မန်စီးတီးက ဘာမှစိတ်လှုပ်ရှားစရာမရှိပါဘူး။ လီဗာပူးလ်ရဲ့ မာမာထန်ထန် ကစားပုံကြောင့်လည်း အခက်ကြုံခဲ့ရတာဖြစ်ပြီး မန်စီးတီး ကစားသမားတွေရဲ့ လောကြီးနေမှုတွေကို လူကျွံဘော (၈) ကြိမ် ဖြစ်ခဲ့တာကို ကြည့်ရင် မြင်သာနိုင်ခဲ့ပါတယ်။

play

 

လီဗာပူးလ်ကတော့ ထုံးစံအတိုင်း High-Pressing နဲ့ပဲ မန်စီးတီးကို ဖိအားပေးသွားခဲ့ပြီးတော့ နောက်တန်းက အမှားမရှိအောင် ကစားနိုင်ခဲ့လို့လည်း မန်စီးတီးရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးတားဆီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆာလာ ပြန်ပါဝင်လာလို့ တိုက်စစ်ပိုင်း ပြန်စတင်ချိန်မှာ လီဗာပူးလ်ရဲ့ ကစားပုံက ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

play

 

၅၆ မိနစ်မှာ ဆာလာရဲ့ ချေပဂိုးက ပွဲအဖြေကို ထွက်ပေါ်စေခဲ့ပြီးတော့ မန်စီးတီးကို စိတ်ဓာတ်ပိုင်းချွတ်ခြုံကျစေခဲ့ပါတယ်။ ၄ဂိုးအထိ ပြန်သွင်းယူရမယ့် အနေအထားမှာ မန်စီးတီး ဘယ်လိုမှ ပြန်မလာနိုင်တော့ပဲနဲ့ ဖာမီနိုရဲ့ အနိုင်ဂိုးကိုပါ ခွင့်ပြုခဲ့ရတာကြောင့် လီဗာပူးလ်ကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ရဲ့ အတွေ့အကြုံနဲ့သမ္ဘာကို လီဗာပူးလ်က ပြသနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးကတော့ ဥရောပမှာ တိုးပေါက်ဖို့ဆိုရင် သင်ယူရင်း၊ တိုးတက်ရင်းနဲ့ပဲ ခေါင်းထောင်လာနိုင်ဖို့ ကြိုးစားဆဲအဆင့်ဆိုတာ သိသာစေခဲ့ပါတယ်။

play

 

လီဗာပူးလ်ကတော့ မန်စီးတီးကို တစ်ရာသီအတွင်းမှာ (၃)ကြိမ်အထိ အနိုင်ယူနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီး ၂၀၀၉-၁၀ မှာ မန်ယူအသင်း စွမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ထပ်မံစွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ အဝေးကွင်း (၆)ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကိုပါ ရရှိခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်ကလည်း ဒီအနေအထားအတိုင်းမှာ လီဗာပူးလ်က ဖလားပါ ရရှိခဲ့တာမို့ သမိုင်းတကျော့ပြန်လည်မလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD