AD
AD
AD

ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက စကားတစ်ခွန်းပြောခဲ့ပါတယ်။ " ယုံကြည်မှုလွန်ကဲရင် ရောမမြေမှာ ဒုက္ခရောက်သွားနိုင်တယ်" ဆိုတဲ့ ပြောစကားပါ။ ပထမအကျော့မှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားတဲ့အပေါ်မှာ ယုံကြည်မှုမလွန်ကဲစေဖို့ အသင်းကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ်လည်း ဗယ်လ်ဗာဒီ ထင်တဲ့အတိုင်းပဲ ရောမမြေမှာ ဘာစီလိုနာအသင်း အတိဒုက္ခရောက်ခဲ့ရပါတော့တယ်။

play

 

ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုက နောက်တန်းသုံးယောက် အထိုင် နဲ့ ပွဲထွက်ခဲ့ပြီးတော့ ကွင်းလယ်ပိုင်းမှာ ငါးယောက်အထိ ကစားခဲ့ပြီး ဂျက်ကို နဲ့ ရှရစ်တို့ကို တိုက်စစ်အတွဲအဖြစ် ထားရှိခဲ့ပါတယ်။ ဖလော်ရန်ဇီ နဲ့ ကိုလာရော့ဗ်တို့က Wing-Baks တွေအဖြစ် ကစားခဲ့ပြိး ဒါက ရိုးမားရဲ့ နဂိုပုံစံအတိုင်း ကစားခဲ့တာပါ။ ရိုးမားက ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ပြသွားခဲ့ပြီးတော့ အနိုင်ဂိုးတွေကိုတော့ နေရာစုံက ကစားသမားတွေက သွင်းယူခဲ့တာမို့ ရိုးမားရဲ့ အနိုင်ရလိုစိတ်ကို သိသာစေခဲ့ပါတယ်။

play

 

ဘာစီလိုနာကလည်း ထုံးစံအတိုင်း မက်ဆီနဲ့ဆွာရက်ဇ်တို့ ပါဝင်လာခဲ့ပြီး ညာအစွန်လူအဖြစ် ဆယ်မီဒိုကို ပွဲထွက်ခဲ့ပါတယ်။ ဆယ်မီဒိုရဲ့အားနည်းချက်တွေကြောင့်ပဲ ဘာစီလိုနာအနေနဲ့ ရလာဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ရိုးမားရဲ့ နောက်ဆုံးဂိုးကတော့ မာနိုလတ်စ်ကို ဘာစီလိုနာ ကစားသမား (၃) ယောက် လူကပ်ကစားပုံအားနည်းခဲ့လို့ဖြစ်ပြီး ဆယ်မီဒိုက အနီးစပ်ဆုံးအနေအထားမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

ရိုးမားက ဂိုးပေါက်ကန်သွင်းမှုမှာ ဘာစီလိုနာထက် (၂)ဆ များပြားခဲ့ပြီး လိုအပ်တဲ့အနိုင်ဂိုးကို ရရှိဖို့အတွက် အိမ်ကွင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု နည်းပါးခဲ့ပေမယ့် ရိုးမားရဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုက ဒီနေ့ပွဲမှာ အကောင်းဆုံး ပုံစံပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအစ (၆) မိနစ်မှာတင် ဒီရော့ဆီရဲ့ ဖန်တီးပေးမှုကို ပထမအကျော့က အဝေးဂိုးသွင်းယူခဲ့တဲ့ ဂျက်ကိုက အကောင်းဆုံး အဆုံးသတ်သွားခဲ့လို့ ရိုးမားအတွက် စိတ်ဓာတ်ပိုင်း တက်ကြွစရာ ဖြစ်ခဲ့ပါတယ်။

play

 

ဘာစီလိုနာအတွက်တော့ ရောမမြေမှာ ခက်ခက်ခဲခဲကစားခဲ့ရတဲ့ ပွဲဖြစ်ပြီး ပထမအကျော့ရလာဒ်ကြောင့်သာ အံ့အားသင့်စရာရလာဒ်လို့ ပြောရပေမယ့် တစ်ပွဲတည်းအနေနဲ့ ကြည့်မယ်ဆိုရင် ထိုက်တန်တဲ့ ရှုံးပွဲလို့ ပြောလို့ရပါတယ်။ တိုက်စစ်၊ခံစစ် အစစအရာရာမှာ ရိုးမားကို မယှဉ်နိုင်ခဲ့ပဲနဲ့ ဘာစီလိုနာကစားသမားတွေ ယုံကြည်မှုလွန်ကဲခဲ့သလားလို့ ထင်စရာလည်း ဖြစ်ခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းကို အံ့အားသင့်စရာ ပြန်လည်အနိုင်ယူခဲ့တဲ့ ဘာစီလိုနာရဲ့ ပုံရိပ်ဟောင်းတွေကို ရိုးမားက ပုံရိပ်အသစ်တွေနဲ့ ဖုံးလွှမ်းပစ်ခဲ့ပြီးတော့ ဒီရော့ဆီရဲ့ ၅၈ မှာ ရတဲ့ ပယ်နယ်တီသွင်းဂိုး၊ ၈၂ မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောမှတဆင့် မာနိုလက်စ်သွင်းယူခဲ့တဲ့ ဂိုးတွေက ဘာစီလိုနာကို ထိုးနှက်နိုင်ခဲ့ပါတယ်။

play

 

 ၃ဂိုးပေးရပြီးနောက်ပိုင်းမှာ ဒမ်ဘီလီကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီးတော့ နောက်ခံလူ ပီကေးက တိုက်စစ်မှူးနေရာအထိ လိုက်လံဆော့ခဲ့ပေမယ့် လိုအပ်နေခဲ့တဲ့ ချေပဂိုးကို ဘာစီလိုနာတို့ ရယူနိုင်ခဲ့ခြင်းမရှိပဲ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပါတယ်။

play

 

ရိုးမားအတွက်တော့ အံ့မခန်းနိုင်ပွဲတစ်ပွဲဖြစ်ပြီး ပထမအကျော့မှာ ၃ဂိုးပြတ် ရှုံးနိမ့်မှုကနေ နောက်တစ်ကျော့မှာ ပြန်လာနိုင်ခဲ့တဲ့ အသင်းသစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD