AD
AD
AD

ဧပြီ (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

- ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာမယ့် သောမတ်စ်တူချယ်ဟာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလိုကန်တီကို ခေါ်ယူဖို့အတွက် အသင်းထံ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အသင်းမှတိုက်စစ်မှူး ကာဗာနီကိုလည်း ပြန်လည်ရောင်းချသွားမှာလို့ သိရပါတယ်။

play

 

- မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒီစီယူနိုက်တက်ဟာ နိုက်စ်တိုက်စစ်မှူး ဘာလိုတယ်လီကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့် ရွိုင်အိုလာကို ဆက်သွယ်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ နိုက်စ်အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုထားတဲ့ အီတလီတိုက်စစ်မှူးဟာ အင်ဒိုနီးရှားသူဌေး အဲရစ်သိုဟာ ပိုင်ဆိုင်တဲ့ အသင်းကို ရောက်တော့မှာလားဆိုတာလည်း စိတ်ဝင်စားဖွယ် ကောင်းလာပါတယ်။

play

 

- ချယ်လ်ဆီးလူငယ်တိုက်စစ်မှူး ကနေဒီကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ espn က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်မှာ အငှားကစားနေတဲ့ ဆယ်ကျော်သက်ကစားသမားလေးကို ဘိုင်ယန်မြူးနစ် နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

- ဆောက်သမ်တန်အသင်းမှ ဘယ်နောက်ခံလူ ရွိုင်ယန်ဘာထရန်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းက ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ယူကတော့ လုခ်ရှောနေရာမှာ အစားထိုးဖို့အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

play

 

- အသင်းပေါင်းများစွာက စိတ်ဝင်စားနေတဲ့ မိမိအသင်းမှ ဂိုးသမားဖြစ်သူ အလစ်ဆန်ဟာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ရိုးမားအသင်းဥက္ကဌ ဂျိမ်းစ်ပါလော့တာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အလစ်ဆန်ကတော့ ဥရောပအသင်းကြီးများစွာက စိတ်ဝင်စားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play

 

- စပါးကွင်းလယ်လူ မူဆာဒမ်ဘီလီကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး နောက်နှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်လ်ဂျီယံကစားသမားဟာ စပါးနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု မရှိသေးဘူးလို့လည်း သိရပါတယ်။

play

 

- ရိုးမားအသင်းဟာ ရီးရဲလ်ကစားသမား (၃) ဦးဖြစ်တဲ့ လူးကပ်ဗက်ကွက်ဇ်၊ ကိုဗာချစ် နဲ့ နာချိုဖာနန်ဒက်ဇ်တို့ကို ယူရို သန်း (၁၀၀) နဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Diario Gol က ဖော်ပြခဲ့ပါတယ်။

play

 

- ဘာစီလိုနာကွင်းလယ်လူ ရာကီတစ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းဟာ ယူရိုသန်း (၈၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Don Balon ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD