AD
AD
AD

ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဧည့် သည် လီဗာပူးအသင်းက ၂-၁ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

play

 

ပရီးမီးယားလိဂ်မှာ အံ့မခန်း စွမ်းဆောင်ရည်များဖြင့် ခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ရေး ဦး စားပေးအသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် သမ္ဘာ ပိုရင့်ကျက်တဲ့ လီဗာပူးကို ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်အဆင့်နဲ့ပင် ကျေနပ်ခဲ့ ရတာလည်း ဖြစ်ပါတယ်။

play

 

ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိနေချိန် ဂျာမနီ လက်ရွေးစင်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိမယ့် အခွင့်အရေးကို ကွင်းလယ် ဒိုင်လူ ကြီးက လူကျွံအနေအထားဖြင့် ဂိုးမပေးခဲ့တဲ့အပေါ် နည်းပြ ပတ်ဂွါဒီယိုလာက မကျေမနပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

play

 

ဆာနေးရဲ့ ဘောလုံးလက်ခံမှုမှာ တစ်ဖက်အသင်းမှ ကစားသမား ဂျိမ်းစ်မီလ်နာထံမှ ရရှိခဲ့တာ ဖြစ်တာကြောင့် လူကျွံဘော အဖြစ် သတ်မှတ်လို့ မရတဲ့အနေအထားမှာ ကွင်းလယ်ဒိုင်လူကြီးက လက်ထောက်ဒိုင်နဲ့ ဆွေးနွေးဆုံးဖြတ်ပြီး လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် မန်စီးတီး အသင်း နစ်နာခဲ့ရတာလို့ မန်စီးတီး နည်းပြ ပတ် ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာတော့ ကွင်းလယ်ဒိုင်ကို စောဒဂ တက်ခဲ့တဲ့ ပတ်ကို ဒိုင်လူကြီးက ပွဲကြည့်စင်မှာ သွားရောက်ဖို့ အပြစ်ပေးခဲ့တာကြောင့်လည်း ဒုတိယပိုင်းတစ်ပိုင်းလုံး ပွဲကြည့်စင်အတွင်းမှသာ ကွပ်ကဲခဲ့ရတာလည်း ဖြစ်ပါတယ်။

ပတ်က ပြောခဲ့ရာမှာတော့ -" ကျွန်တော်က ဒါဟာ ဂိုးပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ကျွန်တော်နားမလည်တာက ဒါလေးမေးမိတာကို ဘာလို့ ပွဲကြည့်စင်မှာ သွားထိုင်ဖို့ အပြစ်ပေးခံခဲ့ရတာလည်းဆိုတာကိုပါ။ကျွန်တော်တို့ ၁-၀ နဲ့ ဦးဆောင်ပြီး၂-၀ နဲ့ ဦးမဆောင်နိုင်တာက ပွဲကို အလှည့် အပြောင်းဖြစ်ခဲ့ပါတယ်။လီဗာပူးအသင်းအတွက်တော့ ဂုဏ်ယူပါတယ်။"လို့ ပတ်က ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယခုလို ရှုံးနိမ့်ခဲ့တာကြောင့် ယခုနှစ်ရာသီ ဖလား၃ လုံးမျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီလည်း ဖြစ်ကာ ဆီမီးဖိုင်နယ်ကို တော့ လီဗာပူးအသင်းအပါအ၀င် ဘာစီလိုနာကို အဝေးဂိုးစည်းမျဉ်းနဲ့ တက်လာခဲ့တဲ့ ရိုးမားတို့ တက်ရောက်ထားပြီး ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD