AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ရိုးမားနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင် ရိုးမား အသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၄ ဂိုးဖြင့် အဝေးဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

play

 

ယခုပွဲမှာ ပထမအကျော့က ၄-၁ ဂိုးနဲ့ နိုင်ထားပေမယ့် မထင်မှတ်ပဲ ၃-၀ ဂိုးနဲ့ ပြန်လည်အရှုံးပေးရကာ ပြိုင်ပွဲမှလည်း ထွက်ခဲ့ရတဲ့ ဘာစီလိုနာ အသင်း ကွင်းလယ်လူ အင်နီယေစတာက ရိုးမားအသင်းဟာ သူ့ရဲ့ ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရစေပြီလို့ ထုတ်ဖော်ပြောခဲ့ ပါတယ်။

play

 

အဆိုပါ ပြောစကားဟာ အင်နီယေစတာ တစ်ယောက် ဘာစီလိုနာက ထွက်ခွာတော့မှာလားဆိုတဲ့ မေးခွန်းတွေကိုလည်း စပိန်မီဒီယာတွေက မေးခွန်းထုတ်နေကြပြီလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် အင်နီယေစတာအနေနဲ့ ရာသီကုန်မှာ ဘာစီလိုနာက ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို တရုတ်စူ ပါလိဂ် သို့မဟုတ် မေဂျာလိဂ်သို့ ပြောင်းဖို့ သတင်းတွေထွက်နေခဲ့တာကြောင့် ယခုပြောစကားဟာ အင်နီယေစတာတစ်ယောက် ဘာစီလိုနာက နေထွက်ခွာဖို့ သေချာနေစေခဲ့ပြီလားလို့ မှတ်ယူရမှာလည်း ဖြစ်ပါတယ်။

၎င်းရဲ့ အနာဂတ်ကိုလည်း လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်သွားမယ်လို့ အင်နီယေစတာက ထုတ်ဖော်ပြောထားတာကြောင့် ယခုရှုံးပွဲ ဟာ ဘာစီလိုနာအသင်းနဲ့ နောက်ဆုံး ကစားမယ့် ပွဲလည်း ဖြစ်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source- beIN SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD