AD
AD
AD

အာဂျင်တီးနားသတင်းထောက်တစ်ယောက်ဟာ ဂျူဗင်တပ်စ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တဲ့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးကို တုပပြီး လိုက်လံပြုလုပ်ခဲ့ရာမှာ ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

play

 

မန်နူရယ်ဆန်းချက်ဇ်လို့ အမည်ရတဲ့ သတင်းထောက်ဟာ Canal El Doce မှာ လုပ်ကိုင်နေသူဖြစ်ပြီး သူအလုပ်လုပ်ကိုင်တဲ့ ရုံးရဲ့ အပြင်ဘက်မှာ စီရော်နယ်ဒိုရဲ့ ပုံစံအတိုင်း လိုက်လံပြုလုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သူဟာ ဘောလုံးကို နောက်ပြန်ကန်ပြီးချိန် အောက်ကို ပြန်အကျမှာ အနာတရသက်သာအောင်လည်း ကူရှင်တစ်ခုကို ခင်းထားပြီးတော့ ထိခိုက်မှုမရှိဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပါသေးတယ်။

play

 

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဆန်းချက်ဇ်ရဲ့ အစီအစဉ်တွေဟာ ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ဘောလုံးကို လေထဲမှာ ခုန်ကန်ပြီးတော့ ပြန်အကျမှာ ဟန်ချက်မညီပဲ ပြုတ်ကျခဲ့ပြီး ခြေထောက်ကျိုးသွားခဲ့ရပါတယ်။ အရေးပေါ်ကားကို ချက်ချင်းခေါ်ပြီးတော့ ကော်ဒိုဘာဆေးရုံကို ပို့ဆောင်ပေးခံရပြီးနောက်မှာ သတင်းထောက်ရဲ့ ခြေထောက်ကို ကြပ်စည်းပေးခဲ့ရပြီး ဆန်းချက်ဇ်ဟာ ရှက်ကိုးရှက်ကန်းအမူအယာနဲ့ ရှိနေခဲ့ပါတယ်။

play

 

ဆန်းချက်ဇ်အနေနဲ့တော့ နောက်တစ်ခါဆိုရင် ဒိလိုမျိုးမပြုလုပ်ခင် ကျွမ်းဘားအရင် တတ်ကျွမ်းအောင် သင်ယူသင့်တယ်လို့ သတင်းဌာနများက ကျီစယ်ရေးသားခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD