AD
AD
AD

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးလ်အသင်းဟာ အိမ်ရှင်မန်စီးတီးကို ၁-၂ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစပိုင်း (၆)မိနစ်မှာ ဂါဘရီရယ်ဂျီးဆပ်ရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်းပြီးဆုံးချိန်မှာ လီဗာပူးလ်နည်းပြကလော့ပ်က အသင်းသားတွေကို စိတ်တက်ကြွဖွယ် စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

မန်စီးတီးကတော့ လီရွိုင်ဆာနေးရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့တာကြောင့် နစ်နာမှုရှိခဲ့ပြီး အဲဒီဂိုးသာ ရရှိခဲ့မယ်ဆိုရင် ပွဲအခြေအနေက ပြောင်းလဲသွားဖွယ် ရှိနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က မိုဟာမက်ဆာလာနဲ့ ရောဘတ်တိုဖာမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးကတော့ တိုက်စစ်ကို အစွမ်းကုန်မြှင့်တင်ပြီး ကစားခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ မရရှိခဲ့ပဲ အိမ်ကွင်းမှာပါ ထပ်မံပြီးတော့ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကလော့ပ်က -

play

 

" ငါတို့ တစ်ဂိုးသွင်းနိုင်ခဲ့ရင် အရာအားလုံးဟာ ပြောင်းလဲသွားမှာပဲ၊ ဒါက ရိုးရှင်းလွန်းပါတယ်၊ မန်စီးတီးရဲ့ ပွဲထွက်ကစားသမားစာရင်းကို မင်းတို့ကြည့်လိုက်မယ်ဆိုရင် သူတို့အနေနဲ့ အများကြီးအရဲစွန့်ထားရတယ်ဆိုတာ မြင်ရမှာပဲ၊ ဒါပေမယ့် အဲဒါကပဲ ငါတို့အတွက် အခွင့်အရေး ဖြစ်လာမှာ" လို့ ပြောကြားခဲ့ကြောင်း ပြန်လည်ဖွင့်ဟသွားခဲ့ပါတယ်။

play

 

" ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ဟာ ပုံစံအသစ်နဲ့ ကစားနိုင်ခဲ့ပြီးတော့ ဘောလုံးကို အသာစီးရယူနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံး ကောင်းကောင်းနားလည်ထားတာကတော့ တစ်ဂိုးပြန်သွင်းနိုင်တာနဲ့ ကွင်းအတွင်းမှာ ကြုံတွေ့နေရတဲ့ ဖိအားတွေဟာ တကယ်ကို ပြောင်းလဲသွားမယ် ဆိုတာပါပဲ၊ ဒီနေ့ပွဲအတွက် နည်းနည်းတော့ ရုန်းကန်ခဲ့ရပါတယ်၊ သူတို့အသင်းကို ဘောလုံးပေးကစားလိုက်ရင် သူတို့က ကျွန်တော်တို့ကို ကောင်းကောင်းကြီး ဆုံးမတော့မှာပါ၊ ဒါကြောင့် နည်းနည်းတော့ အခက်ကြုံခဲ့ရပါသေးတယ်" လို့လည်း ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD