AD
AD
AD

ဂျူဗင်တပ်အသင်းမှ အီတလီ ၀ါရင့် ဂိုးသမားကြီး ဘူဖွန်က ၎င်းရဲ့ ဘ၀မှာ အတော်ဆုံးလို့ ယူဆတဲ့ ဂိုးသမားတွေရဲ့ နာမည်ကို ထုတ်ဖော်ပြော ခဲ့ရာမှာတော့ မန်ယူအသင်းမှ စပိန်ဂိုးသမားလေး ဒီဂီယာကိုတော့ ချန်လှပ်ခဲ့ပါတယ်။

play

 

ယခုလို ထုတ်ဖော်ပြောဆိုမှုဟာ ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက်)မှာ ကစားမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကြို သတင်းစာရှင်းလင်း ပွဲမှာ ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဘူဖွန်အနေနဲ့ ယခုလို ထုတ်ဖော်ပြောခဲ့ရာမှာတော့ မန်ယူအသင်းမှာ စွမ်းရည်မြင့်လက်စွမ်းတွေနဲ့ မန်ယူအသင်းကို အဆင့်တစ်ခုရောက်အောင် ပို့ဆောင်ပေးထားနိုင်တယ်လို့ အများက လက်ခံထားတဲ့ စပိန်ဂိုးသမားလေးကိုတော့ လစ်လျူရှုခဲ့တာဖြစ်ပါတယ်။

၎င်းက မန်စီးတီးက အီဒါဆင်နဲ့ ချဲလ်ဆီးမှ ကော်တိုရစ်တို့ဟာ ဒီဂီယာထက် ပိုကောင်းတယ်လို့ သုံးသပ်ပြောခဲ့ပါသေးတယ်။

" အီတလီ ဂိုးသမားတွေအကြောင်းတော့ မပြောချင်ပါဘူး။ကျွန်တော်ပြောချင်တာကတော့ ဂျန့်အိုဘလန့်၊နာဗက်စ်၊သာစတီဂန်၊အီဒါဆင်၊နူအာနဲ့ ကော်တိုရစ်တို့အကြောင်းသာပြောချင်ပါတယ်။" လို့ ဘူဖွန်ကပြောခဲ့တာ ဖြစ်ပါတယ်။

ဘူဖွန်မှာ အသက် ၄၀ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ကစားသမားတစ်ဦးလည်းဖြစ်ကာ ၂၀၀၆ ခုနှစ်က အီတလီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD