AD
AD
AD

စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ပြိုင်ဆိုင်မှုကတော့ ဘယ်တော့မှ ပြီးဆုံးမယ့် အရာလဲဆိုတာ မေးခွန်းထုတ်ချင်စရာကောင်းခဲ့ပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမား (၂)ယောက်ဟာ ခေတ်ပြိုင်ကစားသမားတွေအဖြစ် ရင်ဆိုင်နေခဲ့ရပြီးတော့ ဒီလိုအချိန်အခါမှာ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ခွင့်ရတာဟာ ကံကောင်းတယ်လို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူတို့နှစ်ဦးရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ပြိုင်ဆိုင်ခြင်းတွေက ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ပြီး လူတိုင်း စိတ်ဝင်စားစရာ အကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။  တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရာသီပြီးတစ်ရာသီ သူတို့ကြားမှာ ပြိုင်ဆိုင်မှုတွေ၊ နှိုင်းယှဉ်ချက်တွေ ရှိခဲ့ပြီး ပြောမဆုံးနိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်။ အခုလည်း ဒီနှစ်ဘောလုံးရာသီမှာ စီရော်နယ်ဒိုက မက်ဆီထက် ပိုမိုသာလွန်အောင် စွမ်းဆောင်ထားနိုင်တဲ့ အကြောင်းတရားတွေရှိခဲ့ပြီး ဘာတွေလဲဆိုတာကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပယ်နယ်တီကန်သွင်းယူမှု

play

 

စီရော်နယ်ဒိုရဲ့ ပယ်နယ်တီကန်သွင်းယူမှုစွမ်းရည်က အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါဟာလည်း သူ့ရဲ့အကောင်းဆုံး အရည်အချင်းတွေထဲက တစ်ခုဖြစ်ပြီးတော့ ဒီရာသီမှာဆိုရင်လည်း သူဟာ ပယ်နယ်တီကန်သွင်းယူမှု အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို သက်သေပြနေခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ မက်ဆီဟာ ပယ်နယ်တီကန်သွင်းယူမှုအပိုင်းမှာ အားနည်းမှုတွေရှိနေခဲ့ပြီးတော့ စီရော်နယ်ဒိုထက် စွမ်းဆောင်ရည်နိမ့်ကျခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီနှ်ဘောလုံးရာသီမှာ ပယ်နယ်တီကန်သွင်းယူမှု (၇) ကြိမ် ရှိခဲ့ပြီး (၁)ကြိမ်သာ လွဲချော်ခဲ့ပါတယ်။ မက်ဆီကတော့ ပယ်နယ်တီ (၆)ကြိမ် ကန်သွင်းခဲ့ရာမှာ (၃) ကြိမ်အထိ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း တချို့က ပေါ်တူဂီအသင်းခေါင်းဆောင်ကို ပင်နယ်ဒိုလို့ နာမည်ပြောင် ပေးထားကြပါတယ်။

 

၂။ ဂိုးရရှိမှုအချိုးအစား

play

 

စီရော်နယ်ဒိုနဲ့မက်ဆီတို့ နှစ်ယောက်စလုံးဟာ ထိပ်တန်းအဆင့်တိုက်စစ်မှူးတွေဆိုတာက အငြင်းပွားစရာမရှိပါဘူး။ ဒါပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီ အချက်အလက်တွေအရဆိုရင်တော့ စီရော်နယ်ဒိုရဲ့ ဂိုးရရှိမှုအချိုးအစားဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို အဓိကပြိုင်ဘက်ကြီးမက်ဆီထက် သာလွန်နေခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုဟာ (၉)ပွဲကစားပြီးချိန်မှာ ၁၄ ဂိုး ရယူထားနိုင်ပြီးတော့ တစ်ပွဲကို ၁.၆ဂိုး သွင်းယူနိုင်ခဲ့ပြီး လာလီဂါမှာတော့ ၂၄ပွဲကစားပြီး ၂၃ဂိုး ရရှိထားတာကြောင့် တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူထားနိုင်တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဆီကတော့ လာလီဂါမှာ ပွဲပေါင်း (၃၀) ကစားပြီး ၂၉ ဂိုးသွင်းယူထားနိုင်ကာ၊ ချန်ပီယံလိဂ်မှာတော့ (၆)ဂိုးသာ ရရှိထားတာမို့ တစ်ပွဲကိုမျှမ်းမျှ ၁ဂိုးနှုန်း နဲ့ ၀.၇ဂိုး နှုန်းသာ ရရှိထားတာဖြစ်ပါတယ်။ ဒီအချိုးအစားနှစ်ခုကို ပေါင်းစပ်ကြည့်မယ်ဆိုရင် စီရော်နယ်ဒိုအနေနဲ့ ၂.၆ ဂိုး ရရှိထားပြီး မက်ဆီကတော့ ၁.၇ဂိုးသာ ရရှိတာကြောင့် စီရော်နယ်ဒိုက အပြတ်အသတ်အသာစီးရရှိနေတာ ဖြစ်ပါတယ်။

 

၃။ ချန်ပီယံလိဂ်ပြိုင်ပွဲ စွမ်းဆောင်ရည်

play

 

ချန်ပီယံလိဂ်မှာ စီရော်နယ်ဒို ဘာတွေလုပ်ပြခဲ့လဲဆိုတာ အားလုံးသိပြီးသား ဖြစ်မှာသေချာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပွဲတိုင်းဂိုးသွင်းယူထားတဲ့ ကစားသမား၊ ချန်ပီယံလိဂ်ပွဲ (၁၀)ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်သစ်တွေကို စီရော်နယ်ဒိုဟာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ၁၄ဂိုးနဲ့ ဦးဆောင်နေပြီးတော့ မက်ဆီအနေနဲ့ ဒီအဆင့်ကို ရောက်ရှိဖို့ ရုန်းကန်နေခဲ့ရပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း (၆)ဂိုးပဲ သွင်းယူထားနိုင်တာဖြစ်တာကြောင့် ချန်ပီယံလိဂ်ခြေစွမ်းပိုင်းမှာလည်း စီရော်နယ်ဒိုက သာလွန်ကောင်းမွန်နေခဲ့ပါတယ်။

 

၎။ အမြင့်ဘောစွမ်းဆောင်ရည်ကောင်းမွန်မှု

play

 

စီရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂိုးသွင်းစက်က ထုတ်လုပ်မှုမှာလည်း ခေါင်းတိုက်သွင်းဂိုးတွေက တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေပါတယ်။  ဒါဟာ သူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုအနေအထားအရ ပိုမိုပြည့်စုံမှုကို ထောက်ပံ့ပေးနိုင်တာဖြစ်ပြီးတော့ တခြားသော ကစားသမားတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်စေခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုဟာ ခေါင်းတိုက်ဂိုး (၂)ဂိုး၊ လာလီဂါမှာ(၄) ဂိုး သွင်းယူနိုင်ထားပြီးတော့ မက်ဆီကတော့ ခေါင်းတိုက်ဂိုးတစ်ဂိုးတည်းသာ ရရှိထားပါတယ်။ ဒါ့အပြင် လေထဲက ဘောလုံးကို ရယူမမှုမှာလည်း စီရော်နယ်ဒိုဟာ လာလီဂါမှာ ၃၁ကြိမ် ရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၁ကြိမ် ရှိခဲ့ပါတယ်။ မက်ဆီကတော့ လာလီဂါမှာ (၅)ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ (၁) ကြိမ်သာ ရှိခဲ့ပါတယ်။

 

၅။ ခံစစ်ပိုင်းကူညီထောက်ပံ့ပေးနိုင်မှု

play

 

တိုက်စစ်ကစား(၂)ဦးဟာ အသင်းအတွက် ဂိုးရရှိဖို့သာ အဓိကထား ကြိုးစားပေးရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရံဖန်ရံခါမှာ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ကူညီပေးရလေ့ရှိပြီးတော့ ဒီအပိုင်းမှာလည်း စီရော်နယ်ဒိုက မက်ဆီက ပိုမိုသာလွန်နေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ တိုက်စစ်မှူးတစ်ယောက်အတွက်ဆိုရင် အံ့သြစရာကောင်းလောက်အောင်ကို ခံစစ်ပိုင်းမှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့ပြီးတော့ လာလီဂါမှာ ဘောလုံးကာကွယ်တားဆီးနိုင်မှု (၃) ကြိမ်ရှီခဲ့ပြီးတော့ ချန်ပီယံလိဂ်မှာဆို (၂) ကြိမ်အထိ ရှိခဲ့ပါတယ်။ ဘောလုံးရှင်းထုတ်မှု ၁၇ ကြိမ်ရှိခဲ့ပြီး ကြားဖြတ်လုယူမှုဟာဆိုရင်လည်း ချန်ပီယံလိဂ်မှာ (၂)ကြိမ် နဲ့ လာလီဂါမှာ (၆) ကြိမ်အထိရှိခဲ့ပါတယ်။ မက်ဆီကတော့ ကြားဖြတ်လုယူနိုင်မှု (၅) ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ (၁) ကြိမ်သာ ရှိခဲ့ပါတယ်။

Source : Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD