AD
AD
AD

ဧပြီ (၁၂)ရက်၊ ကြာသာပတေးနေ့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- ESPN ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ အသင်းမှမပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

play

 

- မန်စီးတီးအသင်းကတော့ အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီတွေကို ပြောင်းလဲသွားမှာမဟုတ်ပဲနဲ့ ဂွာဒီယိုလာကို စိတ်ကြိုက်အာဏာကုန်သုံးခွင့် ပေးအပ်ထားမှာ ဖြစ်တယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။

play

 

- မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

play

 

- အာဆင်နယ်ကွင်းလယ်လူ ၀ီရှီးယားကို ခေါ်ယူဖို့အတွက် အဲဗာတန်အသင်းဟာ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း အာဆင်နယ်တောင်ပံကစားသမား သီယိုဝဲလ်ကော့ကို ခေါ်ယူထားတာ ဖြစ်ပါတယ်။

play

 

- ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကုန်နေရတဲ့ ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ကို ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါးနဲ့ဝက်စ်ဟမ်းတို့က ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရှိရပါတယ်။

play

 

- လက်စတာအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့အပြီးမှာ သူ့ရဲ့ကစားသမားအနာဂတ်ကို ပြန်လည်စဉ်းစားနေပြီလို့ ကွင်းလယ်လူဒရင့်ဝါတားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ တီယာဂိုမော့တာရဲ့နေရာကို အစားထိုးဖို့အတွက် မိုနာကိုကွင်းလယ်လူ ဖာဘင်ဟိုကို စိတ်ဝင်စားနေတယ်လို့ UOL Esporte ရဲ့ ရေးသားချက်အရ သိရှိရပါတယ်။

play

 

- L'Equipe ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ယူရိုသန်း ၁၀၀ ရရှိပါက ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD