AD
AD
AD

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းသားတွေရဲ့ ပယ်နယ်တီပြစ်ဒဏ်ပေးခဲ့မှုအပေါ်မှာ ကန့်ကွက်ခဲ့မှုတွေကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ဒီလို ကန့်ကွက်မှုဖြစ်စဉ်ထဲမှာ ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်ဟာလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါသေးတယ်။

play

 

ပွဲချိန် (၉၃)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကိုတော့ စီရော်နယ်ဒိုက အပြင်းကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပထမအကျော့ တူရင်မှာ (၃) ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်ဟာ ဘာနေဗျူးမှာတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့ပြီး အိမ်ရှင်ရီးရဲလ်ကို (၃)ဂိုးပြတ်နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ကျပယ်နယ်တီဂိုး ပေးခဲ့ရပြီးတော့ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

play

 

လူးကပ်ဗက်ကွက်ဇ်ကို ဂျူဗင်တပ်နောက်ခံလူ ဘီနာတီယာရဲ့ ဖျက်ထုတ်မှုအပေါ်မှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပြီးတော့ ပယ်နယ်တီသတ်မှတ်ပေးမှုအပေါ် အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ ဘူဖွန်ကိုလည်း အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်း တစ်သင်းလုံးနီးပါးဟာ ကွင်းလယ်ဒိုင်ကို ၀ိုင်းဝန်းစောဒကတက်ခဲ့တာဖြစ်ပြီးတော့ အိုလီဗာကတော့ ပြတ်ပြတ်သားသားပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

play

 

" ပယ်နယ်တီအပေါ် သူတို့တွေ ၀ိုင်းဝန်းဆန့်ကျင်တာကို တကယ်နားမလည်နိုင်ပါဘူး၊ တကယ်လို့ ဘီနာတီယာက ပြစ်ဒဏ်မကျူးလွန်ခဲ့ရင် လူးကပ်စ်က ဂိုးသွင်းတော့မှာပါ၊ သူက အနောက်ဖက်ကနေ ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ၊ သေချာပေါက်ကို နောက်ကနေ ပြစ်ဒဏ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်၊ ရီးရဲလ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ်" လို့ စီရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

 

ရီးရဲလ်နည်းပြ ဇီဒန်းကလည်း -

play

 

"  ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ ဒါက နောက်ထပ်ပွဲစဉ်တွေအတွက် သင်ခန်းစာယူရမှာပါ၊ ကျွန်တော်တို့ဟာ နောက်တဆင့်တက်ရောက်ဖို့အတွက် ထိုက်တန်တယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါသေးတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD