AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ ပြုမူခဲ့မှုတွေကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း ရာမို့စ်ဟာ လွဲချော်ခဲ့ရတာဖြစ်ပြီး ပွဲကြည့်စင်ပေါ်မှနေပြီး အသင်းရဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ရပြီးတော့ ပွဲချိန်နှောင်းပိုင်းမှာ ကွင်းနံဘေးကနေ လာရောက်ကြည့်ရှုခဲ့ပါတယ်။

play

 

ဂျူဗင်တပ်စ်အသင်းကို ၃-၀ ဂိုးနဲ့ အရေးနိမ့်နေချိန်မှာ ရာမို့စ်ဟာ ကွင်းအတွင်းမှ အသင်းဖော်တွေကို ညွှန်ကြားမှုတွေ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပြီးတော့ ပွဲချိန် ၉၃ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်အငြင်းပွားမှုမှာ သူဟာ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနဲ့ အပြန်အလှန် အချင်းများမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

play

 

UEFA က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ ရာမို့စ်ဟာ ကစားကွင်းဧရိယာအထိ ၀င်ရောက်ခဲ့မှုအတွက် နောက်ထပ်တစ်ပွဲ ပွဲပယ်ခံရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာလည်း ဆာဂျီယိုရာမို့စ်ကို ပွဲကြည့်စင်ပေါ်မှာသာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

play

 

ဆာဂျီယိုရာမို့စ်ဟာ ကွင်းအတွင်းမှာလည်း မလိုအပ်ပဲ ခပ်ကြမ်းကြမ်းကစားမှုတွေကြောင့် အ၀ါကတ်တွေ၊ အနီကတ်တွေ မကြာခဏပြသခံရသူဖြစ်ပြီး အသင်းအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ရှေ့ဆုံးက ရပ်တည်ပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရန်လိုမှုနဲ့ကြမ်းတမ်းမှုတွေကြောင့် ဝေဖန်မှုတွေကိုလည်း မကြာခဏ ခံနေရတဲ့သူလည်း ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုတွေကိုတော့ သောကြာနေ့(မနက်ဖြန်)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုပါ တပြိုင်တည်း မဲခွဲသွားမယ်လို့ သိရပါတယ်။

Source : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD