AD
AD
AD

ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ချန်ပီယံလိဂ်မှော်ဆရာ စီရော်နယ်ဒိုဟာ နောက်ထပ် စံချိန်သစ်တွေ ထပ်မံပြီးတော့ ရယူနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟ ဂျူဗင်တပ်စ်အသင်းကို ပယ်နယ်တီမှတဆင့် သွင်းဂိုးတစ်ဂိုးရယူပေးခဲ့ပြီး အသင်းကိုလည်း ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

ဘာနေဗျူးကွင်းကြီးထဲမှာ ၃-၀ နဲ့ အရေးနိမ့်နေချိန်မှာ အသင်းအတွက် ရရှိလာခဲ့တဲ့ ပယ်နယ်တီကို စီရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီးတော့ ဂျူဗင်တပ်စ်ရဲ့ အိပ်မက်တွေကို ဖျက်စီးပစ်ခဲ့ပြီးတော့ သူ့အတွက်လည်း အကောင်းဆုံးစံချိန်တွေကို ရယူသွားနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ သွင်းဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းဘက်ကို (၁၀) ကြိမ်မြောက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါဟာ ပြိုင်ဘက်အသင်းတစ်သင်းတည်းကိုပဲ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် အခြားကစားသမားတွေကို ကျော်လွန်ပြီးတော့ စီရော်နယ်ဒိုက ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဟာပြိုင်ဘက်ကြီး မက်ဆီရဲ့ စံချိန်တစ်ခုဖြစ်တဲ့ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ဂိုး သွင်းယူထားတဲ့ စံချိန်ကိုလည်း စီရော်နယ်ဒိုက ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့ သွင်းဂိုးစုစုပေါင်းဟာ (၁၅) ဂိုး ရှိလာခဲ့ပြီးတော့ (၁၀)ပွဲကစားပြီးချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ အရည်အတွက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃) ရာသီတိတိ (၁၅)ဂိုးနဲ့ အထက်သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ စီရော်နယ်ဒိုဟာ (၁၇) ဂိုး၊ ၂၀၁၅-၁၆မှာတော့ (၁၆)ဂိုး၊ ဒီနှစ် ဘောလုံးရာသီမှာ (၁၅)ဂိုး ရှိလာပြီး နောက်ထပ်သွင်းဂိုးတွေကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

play

 

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာလည်း စီရော်နယ်ဒိုဟာ ၁၁ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံသွင်းယူနိုင်ခဲ့ရင် နောက်ထပ်ကြီးမားတဲ့ စံချိန်တွေကို ထပ်ပြီးတော့ ရရှိမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပွဲပေါင်း (၁၅၀) ကစားထားခဲ့ပြီး ဖြစ်လို့ သူဟာ ရီးရဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် (၁၆၇)ပွဲ၊ ဘာစီလိုနာကစားသမားဟောင်း ဇာဗီ (၁၅၁) ပွဲတို့ရဲ့နောက်မှာ တတိယမြောက်ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ဆီမီးဖိုင်နယ်ကစားပြီးရင်တော့ ဇာဗီရဲ့ဒုတိယနေရာကိုပါ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။

play

 

ဒါကြောင့်မို့လို့ စီရော်နယ်ဒိုဟာ လက်ရှိမှာ စံချိန်အသစ်တွေ ထပ်မံရရှိခဲ့သလို နောက်ထပ်လည်း အခြားသော စံချိန်သစ်တွေကို ရယူဖို့အတွက် အလားအလာတွေအများကြီး ရှိနေခဲ့ပြီး ချန်ပီယံလိဂ်လူသား (သို့) မှော်ဆရာလို့ တင်စားရတော့မတတ်ကို ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD