AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ရီးရဲမက်ဒရစ်အသင်းက ရော်နယ်ဒိုရဲ့ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် ဆီမီးဖိုင်နယ်အ ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

play

 

ပထမအကျော့က ၃-၀ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့တဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ ယနေ့ ပွဲစဉ်မှာ အကောင်းဆုံးစတင်နိုင်ခဲ့ပြီး မန်ဇူကစ်မာတူဒီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ရီးရဲအသင်းကို ၃-၀ ဂိုးနဲ့ ပြန်လည်ကစားနိုင်နေချိန် လေလွင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ ရီးရဲမက်ဒရစ်အသင်းက ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်ရတဲ့အပေါ် ဂျူဗင်တပ် ဂိုးသမားကြီး ဘူဖွန်က မကျေမနပ်ဖြစ်ပြီး ကွင်းလယ်ဒိုင် အိုလီဗာကို စောဒဂ တက်ခဲ့ပြီး ၎င်းရဲ့ နားနားကို ကပ်ပြီး ကျယ်လောင်စွာ အော်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်က ဘူဖွန်ကို ချက်ခြင်းဆိုသလိုပင် တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဘူဖွန်က -" ရှင်းရှင်းလင်းလင်းမြင်ရတာက မင်းရင်ဘတ်ထဲမှာ နှလုံးသားမရှိပဲ အမှိုက်တွေပဲ ရှိနေတယ်။ မင်းက လူသတ်သ မားတစ်ယောက်လို ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်။" လို့လည်း ဆက်လက်ပြောခဲ့ပါတယ်။

ဘူဖွန်အတွက် ယခုချန်ပီယံလိဂ် ပွဲစဉ်ဟာ အသက်အရွယ်အရ နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် ရှိလာဖို့လည်း ရှိနေတာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ယခုနှစ်ရာသီအကုန်မှာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာပြီး အခြားသော မေဂျာလိဂ်(သို့)တရုတ်စူပါလိဂ်သို့ သွားရောက် ကစားဖို့ သတင်းထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ရီးရဲအသင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာတော့ ရီးရဲအသင်းအပါအ၀င် လီဗာပူး၊ ရိုးမား နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD