AD
AD
AD

ရီးရဲအသင်းကို ပင်နယ်တီ ပြစ်ဒဏ်ဘောနဲ့ အရေးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဂျူဗင်တပ်အသင်းမှ နောက်ခံလူ ချီလီနီက ရော်နယ်ဒိုအပါအ၀င် ရီးရဲ ကစားသမားတွေကို စွပ်စွဲမှု တစ်ရပ် ပြုလုပ်လိုက်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းအနေနဲ့ ပထမအကျော့က အိမ်ကွင်းမှာ ၃ ဂိုးပြတ်အရေးနိမ့်ခဲ့မှုကို ဒုတိယအကျော့မှာ အကောင်းဆုံး ပြန်လည်ချေဖျက်ပြကာ ၃ ဂိုးပြတ် ပြန်လည်အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့် အချိန်ပို ဆက်လက်ကစားစေရာမှာတော့ အင်္ဂလန် ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ရီးရဲအသင်းဖက်ကို ပင်နယ်တီ ပြစ်ဒဏ် ဘော သတ်မှတ်ပေးခဲ့ရာမှာတော့ ရော်နယ်ဒိုက ကန်သွင်းရယူကာ ပွဲအပြီးမှာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် နောက်တစ်ဆင့်ကို တက် ရောက်သွားတာ ဖြစ်ပါတယ်။

အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောအပေါ် ဂျူဗင်တပ် တစ်သင်းလုံးက မကျေမနပ် ဖြစ်ခဲ့ကြပြီး မပေးသင့်တဲ့ ပင်နယ်တီကို ပေးခဲ့တာသာဖြစ်ကာ ရော်နယ်ဒိုနဲ့ ရီးရဲတစ်သင်းလုံးက ကွင်းလယ်ဒိုင်နဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ထားကြတယ်လို့ ဂျူဗင်တပ် နောက်ခံလူ ချီလီနီက စွပ်စွဲပြောဆို ခဲ့ပါသေးတယ်။

ချီလီနီမှာကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးလိုက်ချိန် ၁၈ ကိုက်စည်းအတွင်း ရပ်စောင့်နေတဲ့ ရော်နယ်ဒိုရဲ့ ရှေ့တည့် တည့်ကိုသွားကာ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်သလို လက်ဖြင့်လည်း ငွေကြေးလာဘ်ထိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ အပြုအမူကို ပြုမူ ပြခဲ့တာလည်း ဖြစ်ပါတယ်။

ယခုလို အရေးနိမ့်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ ရီးရဲအသင်းကို နှစ်နှစ်ဆက် ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD