AD
AD
AD

လီဗာပူးအသင်းရဲ့လူငယ်နောက်ခံကစားသမား အလက်ဇန္ဒားအာနိုးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ပေးသင့်တဲ့ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ၂ ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျန်ရှိနေသေးတဲ့ တစ်ခုတည်းသော အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အလက်ဇန္ဒားအာနိုးဟာ ၂ ကျော့စလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား ဆာနေးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အလက်ဇန္ဒားအာနိုးဟာ မန်ချက်စတာစီးတီးအသင်းက မိမိရဲ့ဘက်ကို အားနည်းတယ်လို့ ယူဆခဲ့ကြောင်း ပြောကြားခဲ့ပြီး အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

"မန်ချက်စတာစီးတီးအသင်းက ကျွန်တော့်ရဲ့ဘက်ခြမ်းကို အားနည်းချက်တစ်ခုလို့ ထင်မြင်ခဲ့တယ် ထင်ပါတယ်၊ "အဲဒါက ကျွန်တော့်ရဲ့မခံချင်စိတ်ကို နှိုးဆပေးတာဖြစ်ကောင်း ဖြစ်ခဲ့တာဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ထင်တာမှားတယ်ဆိုတာကို ပြသနိုင်ခဲ့တာပါ" လို့ အာနိုးက ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော့်ဘက်ခြမ်းက အသင်းရဲ့အားအနည်းဆုံးနေရာမဟုတ်ဘူးဆိုတာ သူတို့ကို ပြသနိုင်ဖို့ ကြိုးစားခဲ့တယ်။ တကယ်လည်း သက်သေပြနိုင်ခဲ့ပါတယ်၊နှစ်ကျော့စလုံးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီး ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်" လို့လည်း သူပ ထပ်ပြောခဲ့ပါသေးတယ်။

play

 

"ဒါက ကွဲပြားခြားနားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ကြီးမားပြီးတော့ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုပါ။ ကျွန်တော့်အနေနဲ့ အရင်က ကစားခဲ့တာထက် ပိုကောင်းအောင် ကစားနိုင်ဖို့ ကြိုးစားခဲ့ရတယ်။ အဲဒီစမ်းသပ်မှုက ကျွန်တော့်ကို နောက်တစ်ဆင့်ကို ရောက်ရှိစေခဲ့တာပါ၊ ဒီပြိုင်ပွဲတစ်ခုလုံးမှာ ကျွန်တော်တို့ကို ကြောက်ရွံ့စေနိုင်တဲ့အသင်းမရှိပါဘူး" လို့လည်း အာနိုးက ကြုံးဝါးခဲ့ပါတယ်။

play

 

"အစကနေ ပြန်ကြည့်ရမယ်ဆိုရင် ကျွန်တော်တို့ စပြီး ယှဉ်ပြိုင်ကတည်းက အနိုင်ယူဖို့ ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီလိုနဲ့ပဲ ဖလားကိုင်မြှောက်နိုင်ဖို့က တစ်နေ့တခြား နီးနီးလာပါပြီ၊ နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ဗိုလ်လုပွဲကို ရောက်ရှိနိုင်မယ့်အခွင့်အရေးကလည်း နီးစပ်နေပါပြီ။ ဒါပေမယ့် အဲဒီကို မရောက်ခင် နှစ်ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ လာမယ့်သောကြာနေ့မှာ မဲခွဲလို့ ဘယ်အသင်းနဲ့ပဲ ကျကျ အနိုင်ရရှိဖို့ပဲ အာရုံစိုက်ပြီး ဗိုလ်လုပွဲကို ရောက်ရှိနိုင်မယ်လို့ အပြည့်အဝမျှော်လင့်ထားပါတယ်"ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD