AD
AD
AD

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား အိုင်ဗန်ရာကီတစ်ဟာ လက်ချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာမှာ

အောင်မြင်ခဲ့ကြောင်း ဘာစီလိုနာအသင်းက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့အင်္ဂါနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် ရိုးမားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရာကီတစ်ဟာ

ဘယ်လက်ညှိုးကျိုးဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်ကုသမှုအတွင်း ရာကီတစ်ရဲ့ဒဏ်ရာကို ပုံမှန်အတိုင်း

ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ခဲ့ပြီး မကြာမီအချိန်အတွင်း အသင်းနဲ့အတူ ပြန်လည်ကစားနိုင်တော့မယ်လို့ ယူဆရပါတယ်။

play

 

လာလီဂါပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်စနေနေ့မှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Source- Barcelona Fc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD