AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ စီအက်စ်ကေအေ အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ တစ်ဖက် ၂ ဂိုးစီ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

ပထမအကျော့မှာ အာဆင်နယ်အသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆-၃ ဂိုးနဲ့ အာဆင်နယ်အသင်းက နောက် တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။

play

 

ယခုလို နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်တာ ဖြစ်ပြီး ၅သင်းမြောက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းတဲ့အင်္ဂလန်ကလပ်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဖူဟမ်အသင်းက ၂၀၀၉-၁၀မှာလည်းကောင်း၊လီဗာပူးအသင်းက ၂၀၀၉-၁၀နဲ့ ၂၀၁၅-၁၆မှာလည်းကောင်း၊ချဲလ်ဆီးက ၂၀၁၂-၁၃မှာလည်း ကောင်း၊မန်ယူက ၂၀၁၆-၁၇ မှာလည်းကောင်း အသီးသီး တက်ရောက်ဖူးတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ (၁၀)နှစ် ၂၀၀၈-၀၉ ခုနှစ်က ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး နောက် ဆီမီးဖိုင်နယ်အဆင့်ကို တစ်ကြိမ်မှ ပြန်လည်တက်လှမ်းနိုင်ခြင်းမရှိတော့ပဲ ယခုအခါမှသာ ပြန်လည်တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဥရောပရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အာဆင်နယ်အသင်းဟာ ၁၀ နှစ်လောက်စောင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့် မဲခွဲပွဲကိုတော့ ယနေ့ ညနေပိုင်းမှာဆက်လက်ပြုလုပ်မယ်လို့ သိရပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD