AD
AD
AD

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဘန်ဇီးမားကို ပစ်မှတ်ထားမယ့် ပီအက်စ်ဂျီ

play

 

Le10Sport ရဲ့ရေးသားချက်အရ ပီအက်စ်ဂျီအသင်းဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ဘန်ဇီးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဇီးမားဟာ ရီးရဲမက်ဒရစ်အသင်းမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ပြင်သစ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

ယခုနွေရာသီမှာ ပေါင်သန်း ၆၀၀ အထိ အသုံးပြုသွားမယ့် မန်ချက်စတာစီးတီး

play

 

တယ်လီဂရပ်ရဲ့ရေးသားချက်အရ မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၆၀၀ အထိ အသုံးပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ လာမယ့်ရာသီမှာ မန်ချက်စတာစီးတီးအသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိစေဖို့အတွက် အဓိကကစားသမား ၃ ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ဂျူလီယန်ဝစ်ဂ်၊ ရှက်တာဒိုးနတ်က ဖရက်ဒ်၊ နာပိုလီအသင်းက ဂျော်ဂျင်ဟို၊ နိုက်စ်အသင်းက ဂျင်းမိုက်ကယ်ဆီရီ၊ မိုနာကိုက သောမတ်စ်လီမာတို့ကို မန်ချက်စတာစီးတီးအသင်းရဲ့ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

 

အမ်တီတီကို စာချုပ်သစ် ချုပ်ဆိုဖို့ အလျင်စလိုဆွေးနွေးတော့မှာမဟုတ်တော့တဲ့ ဘာစီလိုနာ

play

 

ဘာစီိလိုနာအသင်းဟာ နောက်ခံကစားသမား အမ်တီတီကို စာချုပ်သက်တမ်းတိုးဖို့အတွက် အလျင်စလို ဆွေးနွေးသွားမှာ မဟုတ်တော့ကြောင်း သိရပါတယ်။ အမ်တီတီဟာ လက်ရှိလုပ်ခလစာထက် ပိုမိုတိုးမြှင့်ပေးမယ့် စာချုပ်သစ်ကို မျှော်လင့်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အမ်တီတီကို ခေါ်ယူဖို့ ဆက်သွယ်ထားပါတယ်။

 

ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် မိုဒရစ်နဲ့ တိုနီခရူးစ်

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ မိုဒရစ်နဲ့ တိုနီခရူးစ်တို့ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ Don Balon ရဲ့ရေးသားချက်အရ သိရပါတယ်။ မိုဒရစ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး တိုနီရူးစ်ကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

 

ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုနေတဲ့ ကော်တိုရစ်

play

 

ချယ်ဆီးအသင်းရဲ့ဂိုးသမား ကော်တိုရစ်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ RMC Sport ရဲ့ရေးသားချက်အရ သိရပါတယ်။ ကော်တိုရစ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စကားပြောဆိုခဲ့ပြီး ပြောင်းရွှေ့ဖို့ အလားအလာရှိတယ်လို့ ယူဆရပါတယ်။ ချယ်ဆီးအသင်းကတော့ ကော်တိုရစ်ကို ရောင်းချဖို့ ဆန္ဒမရှိဘဲ လာမယ့်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ ကော်တိုရစ် ထွက်ခွာဖို့ဆန္ဒရှိမယ်ဆိုရင် ယခုရာသီကုန်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD