AD
AD
AD

စနေနေ့ မနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

- မန်ယူနည်းပြ မော်ရင်ဟိုဟာ ရိန်းဂျား နဲ့ ဆဲလ်တစ်တို့ရဲ့ ပွဲစဉ်က ဆဲလ်တစ်ကစားသမား တီယာနေးရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် အသင်းက ကင်းထောက်တွေကို စေလွှတ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

play

 

- လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း၊ လက်ရှိ အေစီမီလန်ကစားသမား ဆူဆိုကို ပေါင် (၃၅) သန်းနဲ့ ပြန်လည်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရှိရပါတယ်။ ဆူဆိုကတော့ လီဗာပူးလ်ကနေ အလွတ်ထွက်ခွာခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play

 

- ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ရီဘာရီ နဲ့ ရော်ဘင်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နီးစပ်မှု ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

play

 

- ချယ်လ်ဆီးကတော့ အသင်းရဲ့ နည်းပြသစ်အဖြစ် နာပိုလီနည်းပြ ဆာရီကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ ဆာရီကို ခေါ်ယူချင်တယ်ဆိုရင်တော့ စာချုပ်လျော်ကြေး ပေါင် (၇)သန်းကို နာပိုလီအသင်းထံ ပေးချေရမှာလည်း ဖြစ်ပါတယ်။

play

 

- အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ် နဲ့ ၀က်စ်ဟမ်း တိုက်စစ်မှူး ဟာနန်ဒက်ဇ်တို့ကို မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

play

 

- ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် နည်းပြသစ်အဖြစ် အသင်းရဲ့ ကစားသမားဟောင်း ခရိုအေးရှားကွင်းလယ်ခံစစ်သမား နီကိုကိုဗက်ကို (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ တရားဝင်ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD