AD
AD
AD

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် မဲခွဲမှုကို သောကြေနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်နဲ့ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်နဲ့ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ သွေးရိုးသားရိုးတွေ့ဆုံမှုမဟုတ်ပဲ ကြိုတင်ပြီးတော့ ဇာတ်လမ်းဆင်၊ အကွက်ချထားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

play

 

ရိုးမားအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ မဲခွဲမှုမပြုလုပ်ခင် အရင်တစ်ရက်ဖြစ်တဲ့ ကြာသာပတေးနေ့မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ ကစားရမယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားခဲ့ပြီးတော့ လက်မှတ်ကြော်ငြာမှု ပြုလုပ်ခဲ့တာကို လီဗာပူးလ်ပရိသတ်တစ်ဦးက တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကို ဒုတိယအကျော့အဖြစ် သတ်မှတ်ထားတဲ့ မေလ၊ ၂ ရက်နေ့မှာ ကစားမယ်လို့ ကြေငြာထားတာဖြစ်ပြီးတော့ ရိုးမားအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာလို့လည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

play

 

သောကြာနေ့မှာတော့ မဲခွဲမှုတွေပြုလုပ်ခဲ့ရာမှာ လီဗာပူးလ် နဲ့ ရိုးမားတို့ တွေ့ဆုံခဲ့ကြရုံသာမက ပထမအကျော့ကို အန်ဖီးလ်မှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ရောမမှာ ကစားရမှာလို့လည်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရိုးမားအသင်းရဲ့ ကြာသာပတေးနေ့က ကြော်ငြာခဲ့မှုနဲ့ ထူးထူးခြားခြား တိုက်ဆိုင်နေခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ဟာ ပေါက်ကြားမှုတွေ ရှိခဲ့တာလား၊ လုပ်ဇာတ်ခင်းထားတာလားလို့ မေးခွန်းထုတ်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

play

 

ရိုးမားအသင်းရဲ့ ပွဲစဉ်ဇယားနဲ့ လက်မှတ်အတွက် ကြော်ငြာမှုကို မြင်တွေ့ပြီးနောက်မှာတော့ " တကယ်လို့ ဒီအတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် UEFA ကို လုံးဝယုံကြည်မှုမရှိတော့ပါဘူး" လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ပွဲစဉ်ဇယားထွက်ပေါ်လာတဲ့အခါမှာတော့ သူမြင်တွေ့ခဲ့ရတဲ့အတိုင်း ဖြစ်ပေါ်လာခဲ့ပါတယ်။

play

 

ဒါ့အပြင် UEFA ဟာ မဲခွဲဖို့အချိန်ကို သတ်မှတ်ခဲ့ရာမှာလည်း မှားယွင်းမှုတွေရှိခဲ့ပြီးတော့ သတ်မှတ်ထားတဲ့ နာရီထက် တစ်နာရီပိုစောပြီးတော့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ဖြစ်ပေါ်လာမှုအပေါ်မှာ UEFA အနေနဲ့ ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဘယ်လိုဖြေရှင်းမှုမျိုးမှ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

play

 

လီဗာပူးလ်ပရိသတ်တချို့နဲ့ အခြားသော ပရိသတ်တွေကတော့ UEFA အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးမှုတွေ ပြုလုပ်ဖို့ ကြံစည်ထားတယ်လို့ စွပ်စွဲပြောကြားခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှာ (၃) နှစ်ဆက် ဗိုလ်စွဲဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ဘယ်အသင်းမှ မရရှိသေးတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD