AD
AD
AD

ဧပြီ (၁၅)ရက်၊ တနင်္ဂနွေနေ့နံနက် နောက်ဆုံးရ အားကစားသတင်းများကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

- မန်စီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီအသင်းမှ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအနေနဲ့ အမ်ဘတ်ပီကို မရရှိခဲ့ပါက ချယ်လ်ဆီးအသင်းမှ ဟာဇက်ကို ခေါ်ယူဖို့ ဒုတိယအစီအစဉ် အဖြစ် သတ်မှတ်ထားတယ်လို့လည်း Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- Diario Gol ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ မက်ဒရစ်မှာ အိမ်ဝယ်ဖို့ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း စပိန်သတင်းဌာနက ရေးသားခဲ့ပါတယ်။

play

 

- ဘာစီလိုနာတိုက်စစ်မှူး အူစမန်ဒမ်ဘီလီဟာ နွေရာသီမှာ ဘာစီလိုနာမှ ထွက်ခွာပြီး အာဆင်နယ်အသင်းမှာ အူဘာမီယန်ရဲ့ တွဲဖက်ကစားချင်နေတယ်လို့ Don Balon ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

play

 

- မန်ယူအသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းအတွက် လက်စတာနောက်ခံလူ မက်ဂွီးကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေကြောင်း Mirror က ရေးသားဖော်ပြခဲ့ပါတယ်။

play

 

- လီဗာပူးလ်အသင်းဟာ အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်နောက်ခံလူ အလက်ဇန္ဒားအာနိုးလ်ကို စာချုပ်သစ် ချုပ်ဆိုပြီး သူ့ရဲ့ ခြေစွမ်းအပေါ် အသိအမှတ်ပြုပေးဖို့ စီစဉ်နေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- Don Balon ရဲ့ အဆိုအရ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့အတွက် မန်ယူအသင်းကို လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀၀ ပေးချေမှသာ အသင်း ပြောင်းရွှေ့နိုင်မယ်လို့လည်း Don Balon က ဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD