AD
AD
AD

နူးကမ့်မှာ ဗလင်စီယာအသင်းကို အနိုင်ရရှိပြီးနောက် ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် (၃၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ကွင်းလယ်လူ ကော်တင်ဟိုရဲ့ ဖန်တီးပေးပို့မှု (၂)ကြိမ်ကို လူးဝစ္စဆွာရက်ဇ် နဲ့ အမ်တီတီတို့က သွင်းယူပေးခဲ့ပြီးနောက်မှာ ဘာစီလိုနာဟာ စံချိန်မှတ်တမ်းတစ်ခုကို တင်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ဘာစီလိုနာဟာ စပိန်လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ပိုမိုအာရုံစိုက်ခဲ့ပြီးတော့ ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကို တစ်ပွဲပိုကစားပြီး ၁၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ပြည့်နှစ်က ရီးရဲလ်ဆိုဆီဒက် အသင်းရဲ့ လိဂ်ပွဲ (၃၈)ပွဲ မရှိ စံချိန်ကို လိုက်မှီခဲ့ပြီးတော့ တစ်ပွဲအသာနဲ့ စံချိန်သစ်ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" ဒီပွဲရဲ့ သုံးမှတ်ဟာ ရွှေလိုပဲ တန်ဖိုးရှိပါတယ်" လို့ ဘာစီလိုနာနည်းပြဗယ်လ်ဗာဒီက ပြောကြားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက နောက်ဆုံးပွဲစဉ် (၇)ပွဲ အပါအ၀င် ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပွဲစဉ် (၃၂) ပြီးတဲ့အထိ ရှုံးပွဲမရှိသေးတာဖြစ်ပြီးတော့ ရှုံးပွဲမရှိ အမှတ်ပေးဖလားရယူနိုင်တဲ့ စံချိန်ကိုလည်း ရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

play

 

လာမယ့်အပတ်မှာ ဘာစီလိုနာအသင်းဟာ ဆီဗီလာနဲ့ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ကစားရမှာဖြစ်ပြီး ပြည်တွင်းဖလား (၂)လုံးကို သိမ်းပိုက်ပြီး ရာသီသိမ်းဖို့ အခွင့်အရေးလည်း ရှိနေပါသေးတယ်။

play

 

ဗလင်စီယာအသင်းခေါင်းဆောင် ပါရီဟိုရဲ့ ပယ်နယ်တီသွင်းဂိုးကြောင့် လက်ကျန် (၅)မိနစ်မှာ အနိုင်ဂိုးကို ထိန်းသိမ်းဖို့ ဘာစီလိုနာ ကြိုးစားခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာတော့ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီး အမှတ်ပေးဖလားအတွက် ခြေတစ်လှမ်းထပ်တိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

" ခက်ခဲတဲ့ နိုင်ပွဲတစ်ခုကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တာမို့ အသင်းရဲ့ ကစားသမားတွေကို ဂုဏ်ပြုပါတယ်" လို့လည်း ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source : yahoosports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD