AD
AD
AD

ယနေ့ ခရစ်နှစ် ၂၀၁၈ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၃၈၀ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့ (အင်္ဂါနေ့) နံနက်ပိုင်းရဲ့ နောက်ဆုံးရ နိုင်ငံ တကာအားကစားသတင်းတိုများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

- အသင်းမှာ မိမိရဲ့ အနေအထားကို မေးခွန်းထုတ်ဖွယ် ဖြစ်နေရတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော်ပြောလာပြီ ဖြစ်သလို အသင်းနည်းပြ မော်ရင်ဟိုကလည်း ၎င်းကို ရောင်းချဖို့ အဆင်သင့်ပဲ လို့ ပြန်လည်ပြောဆို လိုက်ပါတယ်။

play

 

- ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပြီ ဖြစ်တဲ့ မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီ ဈေးကွက်မှာ ကစားသမားခေါ်ယူဖို့အတွက် နည်းပြ ပတ် ဂွါဒီ ယိုလာရဲ့ လက်ထဲကို ပေါင် သန်း ၂၀၀ ပေးထားပြီ ဖြစ်တယ်လို့ သိရပါတယ်။မန်စီးတီးအနေနဲ့ ရှေ့၊လယ်၊နောက် ၃ နေရာစလုံးကို ဖြည့်တင်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လာမယ့်နှစ် ချန်ပီယံလိဂ်ကို အဓိက ပစ်မှတ်ထားသွားမယ်လို့လည်း ကြေညာထားပါတယ်။

play

 

- ၂၀၂၁ခုနှစ်မှ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းဟာ အသင်းမှ ပြင်သစ်နောက်ခံလူ ဆင်မြူရယ် အမ်တီတီကို စာချုပ် သက်တမ်း ထပ်မံ တိုးနိုင်ရေးအတွက် စကားပြောနေပြီလို့ သိရပါတယ်။အကြောင်းကတော့ ၎င်းကို မန်ယူအသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေလို့ ပဲ ဖြစ်ပါတယ်။

play

 

- အေစီမီလန်အသင်းက တက်သစ်စ လူငယ် ဂိုးသမားလေး ဒိုနာရူမန်ကို နာမည်ကြီးအေးဂျင့် ရွိုင်အိုလာက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ချိတ်ဆက်ပေးနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

play

- စပါးအသင်းဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်လာပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒမ်ဘီလီကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးအပြီးမှာ အသင်းကနေ ရောင်းထုတ်ဖို့ ကြံရွယ်ထားပြီလို့ သိရပါတယ်။သို့သော်လည်း ၎င်းကို ငွေကြေးသီးသန့် ရောင်းထုတ်ဖို့မရှိပဲ ဘာစီလို နာအသင်းမှာ ကစားခွင့်ပျောက်ဆုံးနေတဲ့ အန်ဒရေ ဂိုမက်စ်၊ အီတလီကလပ် အတ္တလန္တာအသင်းမှ ခရစ္စတန်တေတို့နဲ့ အစားထိုးလဲလှယ်သွားဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

play

 

- အင်္ဂလန်မှာ အကြာကြီး မနေဘူးလို့ ပြောထားတဲ့ ဂွါဒီယိုလာကို မန်စီးတီးအသင်းက အတတ်နိုင်ဆုံး ဆွဲခေါ်ထားဖို့ ကြိုးပမ်းနေပြီး ယခုအခါ နောက်ထပ် ၁၂ လသက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းထားပြီလို့ သိရပါတယ်။ ဂွါဒီယိုလာမှာ ယခုနှစ်တွင် မန်စီးတီးအသင်းကို ကာရာဘောင်ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားတို့ကို ဆွတ်ခူးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD