AD
AD
AD

ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပြီ ဖြစ်တဲ့ မန်စီးတီးအသင်းဟာ လူငယ်အသင်းအတွက် ကစားသမား ခေါ်ယူခဲ့ရာတွင် အသက်မပြည့်သေးတဲ့ ကစားသမားဖြစ်နေမှုကြောင့် တရားရင်ဆိုင်နေရပါတယ်။

play

 

အားကစားခုံရုံး(CAS)အနေနဲ့ ယခုကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး အသက် ၁၆ နှစ်မပြည့်တဲ့ ကစားသမားကို ခေါ်ယူခဲ့တာ အမှန်ဖြစ်ခဲ့ပါ က မန်စီးတီးအသင်းအနေနဲ့ အရေးယူခြင်းခံရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ အဆိုပါ အာဂျင်တီးနား ကစားသမားဘင်ဂျမင် ဂီရာကို အသက် ၁၆ နှစ်ပြည့်မွေးနေ့အပြီးမှာမှ ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုထားပေမယ့်၎င်းကစား သမားရဲ့ အသင်းဟောင်း ဗီးလက်စ် အသင်းကတော့ ၎င်းတို့ ကစားသမားမှာ အသက် ၁၅ နှစ်သာ ရှိသေးတယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယခုကိစ္စကို CAS ကတာဝန်ယူဆောင်ရွက်လျက်ရှိနေပြီး မန်စီးတီးအသင်းအနေနဲ့ အသက်မပြည့်သေးတဲ့ ကစားသမားကို ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တာ အမှန်ဆိုရင် အနည်းဆုံး ကစားသမားခေါ်ယူခွင့် ရာသီနှစ်ခုကို ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းသာ အရေးယူခံရပါက လာမယ့် နွေရာသီ ဈေးကွက်နဲ့ နောက်နှစ်ဘောလုံးရာသီ ဆောင်းရာသီဈေးကွက်တို့မှာ ကစားသမား ခေါ်ယူခွင့်ပိတ်ပင်ခံရမှာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့ ချန်ပီယံကာကွယ်မယ့် အိပ်မက်ကို ခက်ခဲစေမှာ ဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲအတွက်  ရည်ရွယ် ထားသမျှလည်း အားနည်းသွားရတော့မှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD