AD
AD
AD

ရှော်လ်ကေးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရဖို့ သေချာခဲ့ ပြီလို့ ဒေါ့မွန်ဆေးအဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

play

 

ချဲလ်ဆီးအသင်းကနေ ယခုနှစ်ရာသီ ဇန်န၀ါရီမှာ အငှားနဲ့ လာရောက်ကစားနေခဲ့တဲ့ ဘတ်ရှုဝါရီဟာ ဒေါ့မွန်အသင်းအတွက် စုစုပေါင်း ၁၄ ပွဲ ကစားအပြီး ၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပြီး ၎င်းကို ပရိသတ်တွေကို အမည်ပြောင်အဖြစ် ဘတ်မန်း(လင်းနို့လူသား)ဆိုပြီး ခေါ်ဝေါ်နေကြ တာလည်း ဖြစ်ပါတယ်။

play

 

ယင်းပွဲစဉ်တွင် ဒေါ့မွန်အသင်းမှာ ဘတ်ရှုဝါရီ ဒဏ်ရာမရရှိခင် လူစားလဲမှု ၃ ယောက်ပြည့်သွားခဲ့ပြီဖြစ်လို့ လက်ကျန်မိနစ်တွေမှာ ၁၀ ယောက် တည်းနဲ့ ကစားခဲ့ရတယ်လို့လည်းသိရပါတယ်။

ဓာတ်မှန်ဆေးစစ်မှုတွေအရ ခြေကျင်းဝတ် အရွတ်ပျက်စီးခဲ့တယ်လို့ သိရပြီး ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်မီ အကောင်းဆုံး ပြန်လည်ကြံ့ခိုင်မှုရရှိဖို့ အတွက် ရုန်းကန်ရတော့မယ်လို့လည်းသိရပါတယ်။

၎င်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ဘတ်ရှုဝါရီက -" သိပ်ကောင်းတဲ့ သတင်းတော့မဟုတ်ပါဘူး။ဒေါ့မွန်အသင်းကို ကျွန်တော် ယုံကြည်မှု မပေးနိုင် တော့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ကျွန်တော့် ဒဏ်ရာအပေါ် သနားဂရုဏာသက်ပေးခဲ့ကြတဲ့သူတွေ အရမ်းများလို့ စိတ်လှုပ်ရှားမိပါ တယ်။ကျွန်တော့်အသင်းဖော်တွေအတွက်လည်း အကောင်းဆုံး ရာသီသိမ်းနိုင်ဖို့ ဆုတောင်းပေးနေပါတယ်။"လို့ ကိုယ်ပိုင် တွစ်တာမှတဆင့် ရေးသားဖော်ပြခဲ့ပါသေးတယ်။

ဘတ်ရှုဝါရီကို ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မာဆေးလ်အသင်းကနေ ခေါ်ယူခဲ့ထားခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၅၃ ပွဲ ကစား ပေးခဲ့အပြီး ၁၉ ဂိုးသွင်းယူပေးထားခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ ဒေါ့မွန်အသင်းကို အငှားလာရောက်ကစားနေတာလည်း ဖြစ်ပါတယ်။

Source - Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD