AD
AD
AD

ရုရှားနိုင်ငံက တတိယတန်း လိဂ်ပွဲစဉ်တစ်ပွဲမှာ ၀က်ဝံကြီးကို ဘောလုံးသယ်ဆောင်စေပြီး ပွဲကို ကျင်းပခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာကို သိရှိရ ပါတယ်။

play

 

ယခုလို ဆောင်ရွက်မှုဟာ လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြို လေ့ကျင့်ပြင်ဆင်နေမှုလား ဆိုတာ လည်း မီဒီယာတွေက မေးခွန်းထုတ်နေကြပါတယ်။

play

 

ရုရှားအသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျအသင်းနဲ့ တွေ့ဆုံနေပြီး အဆိုပါ အဖွင့်ပွဲစဉ်ရဲ့ ဘောလုံးသယ်ဆောင်သူကို ၀က်ဝံကြီးကို လုပ်စေမလားဆိုတာလည်း ဖြစ်ပါတယ်။

ဝက်ဝံကြီးမှာ မာရွှတ် နဲ့ နာဇရာအသင်းတို့ ကစားမယ့် ပွဲစဉ်မတိုင်မီ ဘောလုံးကို သယ်ဆောင်လာခဲ့တာ ဖြစ်ပြီး ပွဲမစခင် ပရိသတ်တွေ လက်ခုပ် သြဘာနဲ့ အားပေးဖို့လည်း အစပြုပေးခဲ့တယ်လို့ သိရပါတယ်။

အချို့ နိုင်ငံတကာ မီဒီယာတွေကတော့ အဆိုပါ လုပ်ရပ်ဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြုလုပ်မယ့် အစီအစဉ်တစ်ခုအဖြစ် ရှိနေပြီး အကြို လေ့ကျင့်မှုများ ပြုလုပ်ပေးနေတာလည်း ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD