AD
AD
AD

စပိန်မှ လာတဲ့ သတင်းတစ်ရပ်အရ ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာဟာ လာမယ့်နှစ်မှာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ ကစားမယ်လို့ ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အင်နီယေစတာဟာ ယခုနှစ် ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အစောပိုင်းက ထုတ်ဖော် ပြောထားပေမယ့်လည်းမည်သည့်ကလပ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာ အတိအကျ မသိရသေးပဲ ယခုမှာသာ တရုတ်ကိုသွားမယ်လို့ သိရ တာလည်း ဖြစ်ပါတယ်။

play
တရုတ်စူပါလိဂ်မှာ ကစားနေတဲ့စပိန် ကစားသမားများ။

 

သို့သော်လည်း ၎င်းသွားရောက်ကစားမယ့် ကလပ်အသင်းကိုတော့ လာမယ့် အပတ် ကိုပါဒယ်ရေး ဗိုလ်လုပွဲ ကစားပြီးမှသာ ထုတ်ဖော်ပြောမယ် လို့လည်းသိရပါတယ်။

အင်နီယေစတာအနေနဲ့ ယခုနှစ်မှာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ရိုးမားကို ရှုံးနိမ့်ကာ အဆိုပါ ရည်ရွယ်ချက်ပျက်ပြယ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ၎င်းကို ဆက်သွယ်ကမ်းလှမ်းထားတဲ့ တရုတ်ကလပ်အသင်း ၄ သင်းခန့်ရှိနေတယ်လို့လည်း သိရပြီး အနည်းဆုံး ၃ နှစ်သက်တမ်း ရှိစာချုပ်တစ်ရပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြတယ်လို့လည်းသိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD