AD
AD
AD

၂၀၁၅ ခုနှစ်မှာ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ ရီးရဲနဲ့ စပိန်တိုက်စစ်မှူးဟောင်း ရာအူးလ်ဟာ နည်းပြလောကထဲကို တစ်ကျော့ ပြန်လာဖို့ သတင်းထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

play

 

ရာအူးလ်ဟာ ရီးရဲမက်ဒရစ်အသင်းမှာရှိစဉ် အသင်းနဲ့အတူ လာလီဂါ အမှတ်ပေးဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၃ ကြိမ်တို့ကို ရယူထားဖူးခဲ့သူ ဖြစ်သလို လက်ရှိမှာလည်း အသင်းမှာ အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

play

 

ဒါပေမယ့်လည်း အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ရာအူးလ်ဟာ ၎င်းရဲ့ အသင်းဖော်ဟောင်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ရီးရဲ အသင်းမှာ နည်းပြအဖွဲ့ဝင်ဖြစ်ဖို့ စတင်ဆောင်ရွက်သွားတော့မယ်လို့ ထုတ်ဖော်ပြောလာတာပဲ ဖြစ်ပါတယ်။

"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ယူအီးအက်ဖ်အေ အေ နဲ့ ဘီလိုင်စင်တွေကိုရရှိဖို့ ကြိုးပမ်းရပါအုံးမယ်။ပထမဆုံး လူငယ်နည်းပြအတွေ့အကြုံကို ရယူရပါအုံးမယ်။အရေးအကြီးဆုံးအရာကတော့ အသင်းကနေ ဘက်ဂျက်ရရှိဖို့ပဲ ဖြစ်ပါတယ်။" လို့ ရာအူးလ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

ရာအူးလ်အခုလို နည်းပြသင်တန်း တက်ရောက်ရာမှာ ၎င်းရဲ့ ပါတနာ တစ်ဦးဖြစ်တဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီလည်း အတူတကွ တက်ရောက်မှာ ဖြစ်တယ်လို့ ဆက်လက်သိရပြီး ယနေ့ အင်္ဂါနေ့မှာ စပိန်ကို ပြန်လာနေပြီလို့လည်း ရာအူးလ်က ထုတ်ဖော်ပြောထားပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD