AD
AD
AD

ကြာသာပတေးနေ့က ကစားခဲ့တဲ့ တူရကီလိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖီနာဘာချီနဲ့ ဘက်ဆီးတပ်စ်အသင်းတို့ရဲ့ ပွဲမှာ ဘက်ဆီးတပ်စ်နည်းပြရဲ့ ဦးခေါင်းဟာ ပွဲကြည့်စင်ပေါ်မှာ အရာဝတ္ထုတစ်ခုခုနဲ့ ပစ်ပေါက်ခံခဲ့ရပြီးနောက်မှာတော့ ပွဲကို ရပ်နားခဲ့ရပြီးတော့ ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ ဒီနှစ်သင်းကတော့ တူရကီဒါဘီပွဲစဉ်လို့ ကျော်ကြားပြီးတော့ အငြိုးအတေးတွေနဲ့ ယှဉ်ပြိုင်ကစားမှု၊ ပရိသတ်များရဲ့ ကြမ်းတမ်းစွာ အားပေးမှု နဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် နာမည်ကျော်တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။

play

 

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ သူတို့နှစ်သင်းရဲ့ ပြိုင်ပွဲဟာ မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့တာဖြစ်ပြီးတော့ ဖီနာဘာချီအသင်းရဲ့ ပရိသတ်တွေဟာ ဘက်ဆီးတပ်စ်အသင်း ထောင့်ကန်ဘောကန်ဖို့ လုပ်တိုင်းမှာ ပစ္စည်းတွေနဲ့ ပစ်ပေါက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။  ပွဲချိန် (၅၅) မိနစ်မှာ ပွဲကို ဆက်လက်မကစားဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ ဘယ်နေ့မှာ ပြန်လည်ကစားမလဲ ဆိုတာကိုတော့ မသိရသေးလို့ သိရပါတယ်။

play

 

ဖီနာဘာချီကစားသမားတွေကတော့ ပရိသတ်တွေကို အေးချမ်းစွာ အားပေးဖို့အတွက် မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ပရိသတ်တွေဟာ ထပ်မံပြီးတော့ ဆိုးသွမ်းစွာ အားပေးခဲ့ကြပါတယ်။

play
ဦးခေါင်းဒဏ်ရာအား (၅) ချက်ချုပ်ခဲ့ရသည့် ဘက်ဆီးတပ်နည်းပြ

 

သူတို့ရဲ့ ပစ္စည်းတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုတွေကြောင့် ဘက်ဆီးတပ်စ်နည်းပြ စီနွယ်ဂန်းစ်ရဲ့ ဦးခေါင်းကို ထိမှန်မှုတွေ ရှိခဲ့ပြီးတော့ ခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီး (၅)ချက် ချုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုလည်း ရယူခဲ့ရပြီးတော့ ပရိသတ်တွေရဲ့ ကြမ်းတမ်းစွာ အားပေးမှုကိုလည်း တားဆီးခဲ့ရတယ် လို့လည်း သိရပါတယ်။

play

 

အဲဒီပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဖြစ်တဲ့ ဘက်ဆီးတပ်နောက်ခံလူ ပီပီဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ ပီပီအနေနဲ့ ပွဲကစားချိန် မိနစ် (၃၀)မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီးတော့ ပြိုင်ဘက်ကစားသမားကို ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပီပီကတော့ သူ့ရဲ့ ကြမ်းတမ်းစွာကစားတတ်တဲ့ ပုံစံကို တူရကီမှာ ဆက်လက်ပြီး ပြသနေတာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေနဲ့ မကြာခဏအချင်းများမှုတွေ ရှိနေခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ မတ်လအစောပိုင်းကတော့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ကို ဘက်ဆီးတပ်စ်အသင်းရဲ့ ကွင်းမှာ ကစားခဲ့ပြီးတော့ တစ်ဖက် (၂) ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာလည်း ဘက်ဆီးတပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ကွာရက်စ်မာ ထုတ်ပယ်ခံခဲ့ရပြီးတော့ နှစ်သင်းပေါင်း အ၀ါကတ် (၄) ကတ် ပြသခံခဲ့ရသလို ပွဲချိန်အတွင်းမှာလည်း ကွင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပါသေးတယ်။

Source : 90 mins

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD