AD
AD
AD

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်နည်းပြ ဇီဒန်းဟာ စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဟာဇက်ကို ခေါ်ယူမှုဟာ ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲလ်မှာ ဆက်ရှိ၊ မရှိပေါ် မူတည် နေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

play

 

၂၀၁၃ ခုနှစ်က တော့တင်ဟမ်အသင်းကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်၊ လာလီဂါ (၁) ကြိမ် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ရီးရဲလ်အတွက် ၁၈၃ ပွဲ ကစားပြီးတော့ (၈၁) ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဘေးလ်ဟာ ဒီနှစ်ဘောလုံး ရာသီမှာတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရပြီးနောက်မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။

play

 

ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့  ဘေးလ်ဟာ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေရှိတယ်လို့လည်း သတင်းများ ထွက်ပေါ်နေခဲ့ပြီး မကြာခဏဆိုသလို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။ အသင်းအတွက် လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရတာများပြားလာခဲ့ပြီး အဓိကပွဲစဉ်တွေမှာ အရံခုံပေါ်မှာသာ ရှိနေမှုအပေါ်မှာ ဘေးလ်က စိတ်ပျက်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့်မို့လို့ ဇီဒန်းအနေနဲ့ ဘေးလ်သာ အသင်းကထွက်ခွာခဲ့မယ်ဆိုရင် ချယ်လ်ဆီးကစားသမား ဟာဇက်ကို အစားထိုးခေါ်ယူဖို့အတွက် စဥင်္းစားနေတာဖြစ်ပြီးတော့ ဟာဇက်ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ချယ်လ်ဆီး အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၅)ပွဲ ကစားပြီး (၁၆) ဂိုး သွင်းယူပေးထားခဲ့တဲ့ ဟာဇက်ဟာ အသင်းရဲ့ လက်ရှိရလာဒ်တွေအပေါ် စိတ်ပျက်နေတယ်လို့လည်း သိရပါတယ်။

play

 

ဒါပေမယ့်လည်း ဟာဇက်ကတော့ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ အနာဂတ်ကို ကမ္ဘာ့ဖလားပွဲပြီးမှသာ စဉ်းစားမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD