AD
AD
AD

၁၉၅၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ နောက်ဆုံးကျန်ရစ်သူလို့ဆိုရမယ့် ချဲလ်ဆီး ကစားသမားဟောင်း ရိုးဘန်တလေဟာ အ သက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

play

 

ဘန်တလေဟာ အင်္ဂလန်ကစားသမားဘ၀ကို ၁၉၄၉ ခုနှစ်မှာစတင်ခဲ့ပြီး ၁၂ ပွဲကစားပေးခဲ့ကာ ၉ ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

၁၉၅၅ ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အသင်းနဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘန်တလေဟာ ချဲလ်ဆီးအသင်းကို ၁၉၄၈ ကနေ ၁၉၅၆ ခုနှစ်အတွင်း ၃၆၇ ပွဲ ကစားပေးခဲ့ကာ ၁၅၀ ဂိုးအထိ သွင်းယူပေးခဲ့သူလည်း ဖြစ်ပါ တယ်။

play

 

ချဲလ်ဆီးအသင်းဟာ ဘန်တလေကို " စစ်မှန်တဲ့ အသင်းဂန္တ၀င် ကစားသမားကြီးလို့" တင်စားခေါ်ဝေါ်ခဲ့ပြီး ယခုလို ၎င်း ကွယ်လွန်ခဲ့ခြင်း အတွက် ၎င်းရဲ့ မိသားစုထံကို ချဲလ်ဆီးအသင်းက ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်။

ဘန်တလေဟာ ဒုတိယကမ္ဘာစစ်တုန်းက တော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့သူလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ မွေးရပ်မြေ ဘရစ္စတိုးလ်နဲ့ ဘရစ္စတိုးရိုဗာအသင်းတို့အပြင် နယူးကာဆယ်၊ဖူလ်ဟမ်နဲ့ ကျူပီအာအသင်းတို့မှာလည်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကိုတော့ နယူးကာဆယ်အသင်းကနေ ၁၉၄၈ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၁၀၀၀ နဲ့ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကစားသမားဘ၀ကိုတော့ ၃၈ နှစ်အရွယ်မှာ အနားယူခဲ့ပြီးနောက် ရီးဒင်းအသင်းနဲ့ဆွမ်ဆီးအသင်းတို့မှာ စီမံခန့်ခွဲရေးတာဝန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD