AD
AD
AD

မေလ (၂၇) ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ် နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် လီဗာပူးလ်နဲ့ ရီးရဲလ်တို့ဟာ လက်မှတ်ခွဲတမ်းအဖြစ် တစ်သင်းကို (၁၆၆၂၆) စီ ရရှိမယ်လို့ သိရှိရပါတယ်။ ပရိသတ် ၇သောင်းဆန့်တဲ့ ကိဗ်မြို့က အိုလံပစ်ကွင်းကြီးဟာ ဗိုလ်လုပွဲကျင်းပမယ့်အချိန်မှာတော့ ပရိသတ် ၆၃၀၀၀ အထိသာ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

လီဗာပူးလ်နဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ လက်မှတ်ခွဲတမ်းအပြီးမှာ လက်မှတ်စောင်ရေ (၃၃၂၅၂) စောင်ကို နှစ်ဖက်အသင်းပရိသတ်များက ခွဲတမ်းရရှိမှာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အရေအတွက်ကိုတော့ အခြားပရိသတ်များကို ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အခြားသော အဖွဲ့အစည်းများ အတွက်လည်း လက်မှတ်ခွဲတမ်းကို ချန်ထားတာဖြစ်ပြီး သက်ဆိုင်ရာအလိုက် အသီးသီး အချိုးကျ ခွဲဝေရရှိမယ်လို့လည်း သိရပါတယ်။

play

 

လက်မှတ်ဈေးနှုန်းတွေကိုတော့ အမျိုးအစား (၄)မျိုး ခွဲခြားထားပြီး ဈေးအကြီးအဆုံးအဖြစ် ၃၉၄ ပေါင် ကျသင့်မှာဖြစ်ပြီး ကန့်သတ်ထားတဲ့ ၃၁၅ ပေါင်တန် လက်မှတ်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်တစ်မျိုးမှာတော့ ပေါင် ၂၈၀ ကျသင့်မယ့် လက်မှတ်ဖြစ်ပြီးတော့ ၂၂၃ပေါင်တန် လက်မှတ်တွေကိုလည်း ရရှိနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ပေါင် ၁၄၀တန် လက်မှတ်ဖြစ်ပြီး ဈေးအပေါဆုံးအဖြစ် ၆၁ ပေါင်အထိ သုံးစွဲရမယ်လို့ သိရပါတယ်။

play

 

ယူအီးအက်ဖ်အေရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဗိုလ်လုပွဲအတွက် လက်မှတ်တွေကို စတင်ရောင်းချနေပြီလို့ ကြေငြာထားပြီးတော့ အထူးဝန်ဆောင်မှုပါဝင်တဲ့ Package အလိုက် ၀ယ်ယူမယ်ဆိုရင်တော့ တစ်ဦးကို ယူရို (၃၂၀၀) အထိ ကျသင့်မယ်လို့ သိရပါတယ်။ ဈေးနှုန်းအမျိုးအစားအလိုက်လည်း ရွေးချယ်နိုင်ပြီးလူလေးဦးစာအတွက်ဆိုရင်တော့ ယူရို ၁၈၀၀၀ သတ်မှတ်ထားပြီး လူခြောက်ဦးစာ အတွက်တော့ ယူရို (၂၇၀၀၀) အထိ ကျသင့်မယ်လို့ သိရပါတယ်။

play

 

ဗိုလ်လုပွဲကျင်းပမယ့် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က အိုလံပစ်ကွင်းကြီးကတော့ ယူရို ၂၀၁၂ ဗိုလ်လုပွဲကို ကျင်းပဖူးခဲ့တဲ့ ကွင်းကြီးလည်းဖြစ်ပါတယ်။ ဒ့ါအပြင် ဥရောပအရှေ့ခြမ်းမှာ ဒုတိယအကြီးမားဆုံးကွင်းကြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD