AD
AD
AD

လီဗာပူးအသင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရိုးမားအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၇-၆ ဂိုးနဲ့ အနိုင်ရရှိကာ ၂၀၁၇-၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

play
၁၉၇၇ ခုနှစ်က လီဗာပူးအသင်း ချန်ပီယံလိဂ် ဆုဖလား ရရှိစဉ်

 

ဒီလို တက်ရောက်နိုင်တာဟာ လီဗာပူးအသင်းကို အခြားသော ပရီးမီးယားလိဂ် ထိပ်တန်း ပြိုက်ဖက်အချို့ ပေါင်းမှ လိုက်မီမယ့် စံချိန်တစ်ရပ်ကို လည်း ပိုင်ဆိုင်ခဲ့ပါတယ်။

play
မန်ယူ-ချဲလ်ဆီး ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မြင်ကွင်း

 

လီဗာပူးအသင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၅ ကြိမ်အထိ ဗိုလ်စွဲထားဖူးပြီး ဗိုလ်လုပွဲကိုတော့ ယခုတစ်ကြိမ်အပါအ၀င် ၈ ကြိမ်အထိ တက်လှမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

play
၂၀၀၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်

 

မေလ ၂၆ ရက်နေ့မှာ ကစားမယ့် အဆိုပါ ဗိုလ်လုပွဲကြီးကို ရောက်ရှိဖို့အတွက် လီဗာပူးအသင်းဟာ ၁၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး ၂၀၀၇ ခုနှစ် က အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်း ယခုလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၈ ကြိမ်မြောက်တက်ရောက်နိုင်တာဟာ ပရီးမီးယားလိဂ် ထိပ်တန်း ပြိုင်ဖက် ၃ သင်းဖြစ်တဲ့ မန်ယူ၊အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ ၃ သင်းပေါင်းမှ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ စံချိန်ကို မီနိုင်မှာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၅ ကြိမ်အထိ တက်ရောက်ထားနိုင်ပြီး ချဲလ်ဆီးအသင်းက ၂ ကြိမ်နဲ့ အာဆင်နယ်အသင်းက ၁ ကြိမ် တက်ရောက်ထားနိုင်တာ ဖြစ်ကာ ကျန် စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ကတော့ ဗိုလ်လုပွဲ တက်ရောက်ဖူးခြင်း မရှိသေးပေ။

မန်ယူအသင်းကတော့ ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ်၊ချဲလ်ဆီးအသင်းက ၁ ကြိမ်သာရရှိထားပြီး အာဆင်နယ်အသင်းကတော့ ဗိုလ်လုပွဲမှာ ဘာ စီလိုနာအသင်းကို ရှုံးနိမ့်ကာ မရရှိထားဖူးတာလည်း ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကိုတော့ ၁၉၇၇၊၁၉၇၈၊၁၉၈၁၊၁၉၈၄နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပြီး ၁၉၈၅ နဲ့ ၂၀၀၇ ဗိုလ်လုပွဲတွေမှာတော့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ် ဗိုလ်လုပွဲမှာ အနိုင်ရပါက ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၃ ကြိမ်မြောက် ဗိုလ်လုပွဲ အ ရှုံးနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အကြိမ်အများဆုံး တက်ရောက်ထားနိုင်တဲ့ အသင်းကတော့ ရီးရဲမက်ဒရစ်အသင်းဖြစ်ပြီး ၁၆ ကြိမ် အထိ တက်ရောက်ထားနိုင်ပြီဖြစ်ကာ ၎င်းရဲ့ နောက်မှာတော့ အေစီမီလန်အသင်းက ၁၁ ကြိမ်၊ဘိုင်ယန်မြူးနစ်အသင်းက ၁၀ ကြိမ်၊ဂျူဗင်တပ်အသင်း က ၉ ကြိမ်တို့ အသီးသီး တက်ရောက်ထားနိုင်ပြီး ဘာစီလိုနာအသင်းကတော့ လီဗာပူးအသင်းနည်းတူ ၈ ကြိမ်အထိ တက်ရောက်ထားနိုင်ပါ တယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD