AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ၁-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး နောက် နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးဖြင့် အာဆင်နယ်အသင်း ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်ဖြစ်တာကြောင့် နည်းပြ အာစင်ဝင်းဂါးဟာ ပထမအကျော့တုန်းက လူစာ ရင်းအတိုင်း အက်သလက်တီကိုအသင်းကို ထပ်မံ ရင်ဆိုင်ခဲ့ပေမယ့်လည်း ထင်သလောက် တိုက်စစ်မှာ အလုပ်မဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပွဲအစ ၅ မိနစ်မှာအသင်းခေါင်းဆောင် နောက်ခံလူ ကိုစီရယ်နီ ခြေခေါက်လဲခဲ့လို့ လူစားလဲခဲ့ရတာကလည်း အာဆင်နယ်အသင်း အတွက် နစ်နာ ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ ပထမအကျော့တုန်းကလိုပင် အက်သလက်နောက်တန်းကို ထိထိမိမိ ထိုးဖောက်နိုင်ခြင်း မရှိခဲ့သလို ပထမအကျော့က တစ်ဂိုးသွင်းပေးထားခဲ့ တိုက်စစ်မှူး လာကာဇက်တီမှာလည်း ယခုပွဲစဉ်ရဲ့ လုပ်အားနှုန်း အနည်းပါးဆုံး ကစားသ မားအဖြစ် ရှိနေခဲ့တာဟာ အာဆင်နယ်အသင်းကို ယခုလို ရှုံးနိမ့်စေခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

play

 

ယခုလို အရှုံးကြောင့် အာဆင်နယ်အသင်းဟာ စပိန်မြေ ကျိန်စာဆိုးကို ဖယ်ရှားနိုင်ခြင်းမရှိသေးပဲ နောက်ဆုံးလာရောက်ကစားထားတဲ့ ၇ ကြိမ် စလုံးမှာ ၅ ပွဲအထိ ရှုံးခဲ့ပြီဖြစ်ပြီး ၂ပွဲသရေကျထားကာ နိုင်ပွဲတစ်ပွဲမျှ ရယူထားနိုင်ခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

play

 

ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းပေးလိုက်ရတဲ့ ဂိုးကလည်း နောက်တန်း လူကပ် ကစားပုံ အားနည်းခဲ့တာကနေ ပေးလိုက်ရတာ ဖြစ်ပြီး ပထမပိုင်း ပြီးဆုံးလို့ နာကျင်အချိန်ပို ၃ မိနစ်ပေးထားရာမှာ ဂရုဇ်မန်းရဲ့ ပေးပို့မှုကို ဒီကနေ့ပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ကော်စတာက အာ ဆင်နယ် နောက်ခံလူ ဘယ်လာရင်ကို လူကာပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲစဉ်တစ်လျှောက်လုံး အက်သလက်အသင်းဖက်ကို ထိုးဖောက်ခဲ့တာမှာ ဂိုးကန်သွင်းခွင့် ၇ ကြိမ်သာ ရခဲ့သလို အဆိုပါ ဂိုးကန်သွင်းခွင့် ၇ ကြိမ်မှာလည်း ဂိုးပေါက်တည့်မတ်အောင် ၁ ကြိမ်သာ နည်းပါစွာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာဟာ အာဆင်နယ်အသင်းအတွက် ၁၀ နှစ်အကြာမှာ ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်က နေ နောက်တစ်ကြိမ်ထွက်ခဲ့ရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်ယူအသင်းကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာ ဖြစ် ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက်တော့ အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၂၂ နှစ်တာ ကာလအကြာမှာ ရရှိနိုင်မယ့် နောက်ဆုံးဆုဖလားနဲ့ လွဲချော်ခဲ့ရပြီလည်းဖြစ်သလို ရာသီအကုန်မှာ အာဆ်ငနယ်အသင်းကို ဖလားလက်မဲ့အဖြစ်နဲ့ ထားသွားရစ်တော့မှာလည်း ဖြစ်ပါတယ်။

ယခုနှစ်ရာသီအတွက် အာဆင်နယ်အသင်းကစားဖို့ လိဂ်လက်ကျန် ၃ ပွဲသာ ကျန်ရှိတော့ပြီး ဘန်လေ၊လက်စတာ၊ဟက်ဒါဖီးလ်အသင်းတွေနဲ့ ဆက်လက်ကစားရအုံးမှာ ဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကတော့ အက်စ်ပန်ညို၊ဂီတာဖေး၊အီဘာအသင်းတွေနဲ့ ကစားရဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ မေလ ၁၆ ရက်တွင် ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Photos-  Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD