AD
AD
AD

သောကြာနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့ နိုင်ငံတကာ အားကစားသတင်းတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းမှာတော့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ၊ နည်းပြ၊ကစားသမားတွေရဲ့ ပြောစကားတွေနဲ့အတူ နောက်ဆုံးရ ထူးခြား သ တင်းများကို တင်ဆက်ပေးထားပါတယ်။

play

 

- ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်ဟာ စပါးအသင်းမှ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ပေါင်သန်း ၁၀၀ ပေးပြီးခေါ်ယူချင်နေတယ်လို့ သ တင်းထွက်ပေါ်လာပါတယ်။အဲရစ်ဆင်ဟာ စပါးအသင်းထံ ၂၀၁၃ ခုနှစ်က အေဂျက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်းနဲ့ ရောက် ရှိလာခဲ့တာ ဖြစ်ပြီး ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။

-မန်ယူအသင်းကနေ ထွက်ခွာမယ်လို့ သတင်းထုတ်ပြန်ထားတဲ့ မာရှယ်ဟာ ၎င်းကို ခေါ်ယူမယ့် အသင်းကို မျှော်လင့်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၎င်းရဲ့ အေးဂျင့်ကို ဆောင်ရွက်ခိုင်းထားပြီး ၂၀၁၆ ခုနှစ်ကတည်းက နည်းပြမော်ရင်ဟိုလက်အောက်မှာ ပွဲထွက်ခွင့် တစ်ဝက် တောင် မရရှိတာကြောင့် ဖြစ်တယ်လို့လည်းသိရပါတယ်။

- လေဗာကူဆင်အသင်းရဲ့ တောင်ပံ ကစားသမား လီယွန်ဘိုင်လီဟာ ပီအက်စ်ဂျီ၊ချဲလ်ဆီး ကစားသမားတွေဖြစ်တဲ့ ဘတ်ပေးနဲ့ ဟာဇက်တို့ထက် ပိုမိုကောင်းမွန်သလို ဈေးနှုန်းလည်း ပိုမိုသက်သာတယ်လို့ ဂွါဒီယိုလာက မှတ်ချက်ပြုခဲ့ပါတယ်။

- မန်ယူအသင်းဖက်က ထွက်ပေါ်လာတဲ့သတင်းတစ်ရပ်အရ မန်ယူအသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ဆန်ဒရိုကို ခေါ်ယူချင်နေပြီး လုခ်ရှော နေ ရာမှာ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ကတော့ စပါးက ဒန်နီရို့စ်နဲ့ ဘရာဇီး လူငယ်ကစားသမား ကီရန် တီယာနေးတို့ကို မျက်စိကျနေတယ်လို့သိရပါတယ်။

- ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်တဲ့ ရီးရဲအသင်းဟာ ပြိုင်ပွဲအပြီးမှာတော့ ကစားသမားအချို့ကို လက်လွှတ်ရဖို့ရှိနေပြီး အစ္စ ကို၊ဘေးလ်နဲ့ ကိုဗာဆစ်တို့ ၃ ဦးထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အစ္စကိုအနေနဲ့ မန်စီးတီးကို ရောက်မယ်လို့ သ တင်းထွက်နေပြီး ဘေးလ်ကတော့ ကလပ်ဟောင်း စပါးအသင်းမှ တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ အလဲအထပ်ပြုလုပ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။ ကိုဗာဆစ်ကတော့ ဘယ်အသင်းကို ပြောင်းမလဲ မသိရသေးပါဘူး။

play

 

- မန်ယူအသင်းက ၎င်းကို ဆက်နေနိုင်ဖို့ လုံလောက်မယ့် လစာ ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖယ်လိုင်နီက ပြောခဲ့ပါတယ်။ မန်ယူအသင်း တာဝန်ရှိ သူတွေအကုန်လုံးက သူ မန်ယူမှာ ဆက်ရှိဖို့ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD