AD
AD
AD

အက်သလက်တီကိုအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ အက်သလက်တီကိုအသင်းက ၁-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလာဒ် ၂-၁ ဂိုးနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အက်သလက်တီကိုကတော့ ဗိုလ်လုပွဲမှာ ပြင်သစ်ကလပ် မာဆေးလ်နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။ အက်သလက်တီကို နဲ့ အာဆင်နယ်တို့ရဲ့ ပွဲအပြီးမှာ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေ ရှိနေခဲ့ပြီးတော့ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်မလဲဆိုတာ Duwun Sports ပရိသတ်ကြီး သိရှိစေဖို့ ဖော်ပြလိုက်ပါတယ်။

 

၁။ ဒီယေဂိုဆီမြွန်နီ ဘယ်မှာလဲ?

play

 

ပထမအကျော့မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဆီမြွန်နီဟာ အိမ်ကွင်းပွဲစဉ်မှာတော့ အသင်းကို ကြီးကြပ်ခွင့်မရခဲ့ပါဘူး။ သူ့အနေနဲ့ အသင်းကို ဘယ်လိုထိန်းကျောင်းကွပ်ကဲမှုမှ မပြုလုပ်ရဘူးလို့ တားမြစ်ချက်ထုတ်ပြန်ခံခဲ့ရပြီးတော့ ပွဲပယ်ပြစ်ဒဏ်ကို ကျခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပွဲမကန်ခင် အသင်းရဲ့ လူစာရင်းစာရွက်ပေါ်မှာတော့ ဆီမြွန်နီရဲ့ အမှတ်အသား ဘာတစ်ခုမှ မပါခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အသင်းရဲ့ နည်းစနစ်ပိုင်းဧရိယာအတွင်းနဲ့ စာရွက်ပေါ်မှာတော့ သူ့ရဲ့လက်ထောက်နည်းပြ ဂျာမန်ဘားဂိုးစ်ရဲ့ နာမည်ကိုပဲ မြင်တွေ့ ဖော်ပြခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

၂။ ပွဲကြည့်စင်ပေါ်က ဆီမြွန်နီ

play

 

ဆီမြွန်နီဟာ အသင်းကို ကြီးကြပ်ခွင့်မရခဲ့မှုကြောင့် ပွဲကြည့်စင်ပေါ်ကနေပဲ အသင်းရဲ့ ပွဲကို ကြည့်ရှုခဲ့ရပါတယ်။ ပွဲကြည့်စင်ပေါ်မှာ လူးလား ခေါက်ပြန် လမ်းလျှောက်နေခဲ့ပြီးတော့ အသင်းရဲ့ ကစားပုံလျော့ရဲတိုင်းမှာ သူ့ရဲ့ အားမလိုအားမရဖြစ်မှုနဲ့ အမျက်ဒေါသတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဆီမြွန်နီရဲ့ စိတ်အားထက်သန်မှုကိုလည်း ခံစားခဲ့ရမှာ ဖြစ်ပါတယ်။ ဆီမြွန်နီအနေနဲ့ သူဟာ ပွဲကြည့်စင်ပေါ်မှာ ဆိုတာကိုတောင်မှ မေ့လျော့နေသလား ထင်ရလောက်အောင် ဖြစ်ခဲ့ပြီး သူပြုမူခဲ့တာတွေကတော့ ကွင်းဘေးနားမှာ သူ ရှိနေခဲ့ပြီး အသင်းကို ထိန်းကျောင်းနေတဲ့အတိုင်းကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

၃။ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဆန်တီကာဇိုလာ

play

 

ကာဇိုလာကတော့ အသင်းရဲ့ အဝေးကွင်းပွဲစဉ်ကို အားပေးဖို့အတွက် အသင်းနဲ့အတူ မက်ဒရစ်ကို လိုက်ပါသွားခဲ့ပါတယ်။ စပိန်ကွင်းလယ် ကစားသမားဟာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ရမှုတွေ ရှိခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်ရဲ့ နောက်ဆုံးသော အပတ်ကစပြီး အခုမှသာ ပထမဆုံးအကြိမ် အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လူမြင်ကွင်းကို မရောက်တာကြာပြီဖြစ်တဲ့ ကာဇိုလာကတော့ အာဆင်နယ် အသင်းအတွက် လက်ကျန်ပွဲစဉ်တွေကို ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။ ကာဇိုလာဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းမှာ ကာလရှည်အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။

 

၎။ ဆီမီးဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ရာဖေးနာဒယ်လ်

play

 

စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ်ကတော့ အက်သလက်တီကို နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကို လာရောက်ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။ နာဒယ်လ်ဟာ ပွဲအပြီးမှာ အက်သလက်တီကိုရဲ့ အောင်ပွဲခံနေမှုတွေကို သူ့ရဲ့ ဖုန်းနဲ့ ရိုက်ကူးမှုတွေလည်း ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမာခံပရိသတ်လို့ အားလုံးက သိထားကြတဲ့ နာဒယ်လ်ဟာ ရီးရဲလ်ရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့တာက အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ မက်ဒရစ်မြို့ခံကလပ် (၂)သင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတို့ကို အသီးသီးတက်ရောက်ခဲ့ကြပြီး မက်ဒရစ်ရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။

 

၅။ အက်သလက်တီကိုမက်ဒရစ်အတွက် ပွဲ (၄၀၀) ပြည့်မြောက်ခဲ့တဲ့ တောရက်စ်

play

 

အက်သလက်တီကိုတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကတော့ ကလပ်အသင်းအတွက် ပွဲ (၄၀၀) ပြည့်မြောက်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ဒီယေဂိုကော်စတာရဲ့ နေရာကို တောရက်စ်က အစားဝင်လာပြီး ဒီစံချိန်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့လီဗာပူးလ် တိုက်စစ်မှူးဟောင်းဟာ အက်သလက်တီကိုအတွက် ဒီရာသီဟာ နောက်ဆုံးကစားပေးတဲ့ ရာသီဖြစ်ပြီးတော့ ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မှာလည်း ဖြစ်ပါတယ်။ တောရက်စ်အနေနဲ့ အသင်းရဲ့နိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို သူ့ရဲ့ နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နိုင်ခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD