AD
AD
AD

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ရဲ့ လက်ဝှေ့ကစားသမားအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားမှုဟာ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။  ဖာဒီိနန်ရဲ့ လျှောက်ထားမှု ပယ်ချခံရမှုအပေါ်မှာ ဖာဒီနန်ကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတဲ့ လေ့ကျင့်ရေးမှူးက အံ့သြစရာမဟုတ်ဘူးလို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ဖာဒီနန်ရဲ့ လေ့ကျင့်ရေးမှူးအဖြစ် WBC စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း ရီချီဝုဒ်ဟောလ်က ဆောင်ရွက်ပေးနေတာဖြစ်ပြီးတော့ ဖာဒီနန်ရဲ့ အသက်အရွယ်နဲ့ လက်ဝှေ့အတွေ့အကြုံက ဖာဒီနန်ကို ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဖြစ်လာဖို့ ခက်ခဲလွန်းတယ်လို့လည်း ၀န်ခံမှု ပြုလုပ်ခဲ့ပါတယ်။ ဗြိတိန်လက်ဝှေ့အဖွဲ့အစည်းကတော့ ရီယိုဖာဒီနန်ကို လက်ဝှေ့သမားအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ရင်လည်း ဘယ်သူ့အတွက်မှ အကျိုးအမြတ်ရှိမှာ မဟုတ်ဘူးလို့ ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

play

 

အသက် (၃၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန်ဟာ ၂၀၁၅ ခုနှစ်မှာ ဘောလုံးသမားဘ၀က အနားယူခဲ့ပြီး စက်တင်ဘာလအတွင်းမှာ သူ့ရဲ့ အလုပ်အကိုင်အသစ်အဖြစ် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ကို လုပ်ကိုင်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပေမယ့် ဗြိတိန်လက်ဝှေ့ အဖွဲ့အစည်း (BBBofC) က မခွင့်ပြုခဲ့တာကြောင့် သူ့ရဲ့ လက်ဝှေ့သမားဖြစ်လာရေး မျှော်လင့်ချက်ဟာ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

" အသက် (၃၈) နှစ်အရွယ်မှာ ဘာအတွေ့အကြုံမှ မရှိပဲနဲ့ သူ့ရဲ့ လက်ဝှေ့သမားဘ၀ကို စတင်ခဲ့တာပါ၊ လွဲမှားမှုတွေရှိနေတယ်လို့ သူ့ကို ကျွန်တော်ပြောခဲ့ပေမယ့် သူကတော့ တက်တက်ကြွကြွနဲ့ပဲ အိုကေပါတယ်ဆိုပြီး တုန့်ပြန်ခဲ့တာဗျ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ BBBofC က တာဝန်ရှိသူတစ်ဦးကို ဖိတ်ခေါ်ပြီး ရီယိုရဲ့ လေ့ကျင့်မှုတွေကို လာကြည့်စေချင်တယ်၊ ပြီးတော့ အစမ်းသဘော လက်ဝှေ့ထိုးခိုင်းချင်တော့တာ ပါပဲ၊ ဒါဆိုရင် သူ့ကို လက်ဝှေ့သမားအဖြစ် သတ်မှတ်ပေးဖို့၊ မပေးဖို့ကို သူတို့ ရှင်းရှင်းလင်းလင်း သိသွားမှာပဲ" လို့ ဖာဒီနန်ရဲ့ ထရိန်နာ ရီချီက ပြောကြားခဲ့ပါတယ်။

play

 

ဖာဒီနန်ကတော့ လက်ဝှေ့သမားဘ၀ကနေ ရှုံးပွဲမရှိစံချိန်နဲ့ အနားယူခဲ့ရတယ်လို့ နောက်ပြောင်ခံနေရပြီး လက်ဝှေ့လောကမှာ ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော်လက်ဝှေ့သမား ဖလွိုက်မေ၀ယ်လ်သာနဲ့ နှိုင်းယှဉ်ပြီးတော့လည်း စနောက်ခံနေရပါတယ်။ ဖာဒီနန်ကတော့ တစ်ပွဲမှ ထိုးသတ်ရခြင်းမရှိပဲ ရှုံးပွဲမရှိစံချိန်ရခဲ့တယ်လို့လည်း နောက်ပြောင်ခံခဲ့ရပါတယ်။ မေ၀ယ်လ်သာဟာ သူ့ရဲ့ လက်ဝှေ့ကစားသမား ဘ၀မှာ လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးပဲနဲ့ နောက်ဆုံးပွဲစဉ်မှာ UFC ကစားသမား မက်ဂရီဂေါ်ကို အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD