AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြ ဒီယေဂိုဆီမြွန်နီဟာ UEFA ရဲ့ လေးပွဲပယ်ပြစ်ဒဏ် ထပ်မံချမှတ်ခံရမှုကြောင့် မေလ (၁၆) ရက်နေ့မှာ ကစားရမယ့် မာဆေးလ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲကို ထပ်မံလွဲချော်တော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့မှာ ကွင်းလယ်ဒိုင်ကို ကြမ်းတမ်းခက်ထန်စွာ ပြောဆိုခဲ့မှုကြောင့် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဆီမြွန်နီ ထပ်တိုးပြစ်ဒဏ်ကို ခံစားရတော့မှာလည်း ဖြစ်ပါတယ်။

play

 

ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့ နောက်ခံလူ ဗာဆယ်ကို ထုတ်ပယ်ခံရပြီးနောက် ဒိုင်လူကြီးကို အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ ဆီမြွန်နီဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဆီမြွန်နီဟာ မကြာခဏဆိုသလို ပွဲပယ်ခံရတတ်တဲ့ နည်းပြဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်က ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာလည်း စတုတ္ထဒိုင်ရဲ့ ခေါင်းကို တွန်းခဲ့မှုကြောင့် စပိန်ဘောလုံး အဖွဲ့ချုပ်ရဲ့ (၈)ပွဲပယ် ပြစ်ဒဏ်ကို ကျခံခဲ့ရပါသေးတယ်။

play

 

၂၀၁၆ ခုနှစ်မှာလည်း မာလာဂါနဲ့ပွဲစဉ်မှာ ဘောကောက်လူငယ်လေးရဲ့ တာဝန်ကို နှောင့်ယှက်ခဲ့မှုကြောင့် (၃) ပွဲပယ်ခံခဲ့ရပြီးတော့ သူ့ရဲ့ အပြုအမူတွေအတွက် သတိပေးမှုတွေလည်း ခံယူခဲ့ရပါတယ်။ ဆီမြွန်နီအနေနဲ့ အသင်းရဲ့ ပွဲစဉ်တွေမှာ စိတ်အားတက်ကြွစွာနဲ့ ကွင်းဘေးကနေ ထိန်းကျောင်းပေးတတ်သူ ဖြစ်ပြီး သူရဲ့ အပြုအမူတွေကြောင့် မကြာခဏဆိုသလို ပြသနာဖြစ်ပွားလေ့ရှိသူလည်း ဖြစ်ပါတယ်။

play

 

UEFA ကဆီမြွန်နီရဲ့ အမူအကျင့်နဲ့ စောဒကပြင်းထန်စွာတက်မှုတို့အပြင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်စ်ကွင်းထဲ အရာဝတ္ထုများနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်များရဲ့ လုပ်ရပ်အတွက်လည်း ဒဏ်ငွေ ယူရိုတစ်သောင်း ချမှတ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီယေဂိုဆီမြွန်နီဟာ ပြင်သစ်မြေမှာ ကျင်းပမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို ကြီးကြပ်ခွင့် ရရှိမှာမဟုတ်တော့ပဲ ဗိုလ်လုပွဲနဲ့ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

play

 

ဆီမြွန်နီအတွက်တော့ သတင်းဆိုးဖြစ်ခဲ့ပြီး အသင်းရဲ့ ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲကို ကြီးကြပ်ခွင့်မရရှိမှုအတွက် စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီဟာ သူ့ရဲ့ ကိုယ်ဟန်အမူအရာ ရိုင်းပျမှုအတွက်လည်း ဒဏ်ငွေအဖြစ် ယူရိုတစ်သောင်း ပေးဆောင်ရမယ်လို့လည်း သိရှိရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD