AD
AD
AD

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ဟာ ကမ္ဘာကျော်ကလပ်အသင်း (၂)သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကြောင့် ပိုပြီးတော့ ထင်ပေါ်ကျော်ကြားတဲ့ မြို့ဖြစ်ပါတယ်။ ဥရောပရဲ့ အင်အားကြီး ဘောလုံးကလပ်အသင်း (၂) သင်းဟာ တစ်မြို့တည်းမှာ အခြေစိုက်ပြီးတော့ မက်ဒရစ်မြို့ရဲ့ နံပါတ်တစ် ဘောလုံးအသင်းဖြစ်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြမှုတွေလည်း ရှိနေခဲ့ပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီမှာတော့ အဆိုပါ ကလပ်အသင်း (၂)သင်းဟာ မက်ဒရစ်မြို့ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး အခြေအနေတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲဒါကတော့ စပိန်တော်ဝင်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းတစ်သင်းတည်းကပဲ မဟုတ်သေးပဲနဲ့ အက်သလက်တီကိုအသင်းဟာလည်း အခြားသော ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး မက်ဒရစ်မြို့ခံ ကလပ် (၂)သင်းဟာ ဥရောပရဲ့ အဆင့်အတန်းအမြင့်ဆုံး ပြိုင်ပွဲတွေမှာ ကိုယ်စီကိုယ်စီ ဗိုလ်လုပွဲကစားရမှာကြောင့် ဖြစ်ပါတယ်။

play

 

ပထမဦးဆုံးအနေနဲ့ အက်သလက်တီကိုအသင်းဟာ မေလ (၁၆) ရက်နေ့မှာ ယူရိုပါလိဂ်ဖိုင်နယ်ပွဲအဖြစ် မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီးတော့ နောက်ထပ် (၁၀) ရက်အကြာမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ တကယ်လို့များ မက်ဒရစ်မြို့ခံ (၂)သင်းလုံးဟာ ချန်ပီယံအဖြစ် အသီးသီး အနိုင်ရရှိခဲ့ရင် ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ တစ်မြို့တည်းက ကလပ်အသင်းနှစ်သင်းအနေနဲ့ မတူညီတဲ့ ဥရောပပြိုင်ပွဲ (၂)ခုမှာ ဗိုလ်စွဲခဲ့တဲ့ ဒုတိယမြောက် ဘောလုံးရာသီ အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ (၂၄) နှစ်က အေစီမီလန်အသင်းဟာ အေသင်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ မြို့ခံကလပ်အသင်းဖြစ်တဲ့ အင်တာမီလန် အသင်းကလည်း ဥရောပဖလားကို ဆွတ်ခူးခဲ့မှုဟာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ အေစီ နဲ့ အင်တာမီလန်တို့ဟာ ဥရောပစူပါဖလား ပွဲအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရမှုတော့ မရှိခဲ့ပါဘူး။

play

 

အဲဒီအချိန်တုန်းက UEFA ဟာ ဥရောပစူပါဖလားရယ်လို့ သတ်မှတ် ကျင်းပခြင်း မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ အေစီမီလန် နဲ့ အင်တာမီလန်တို့အတွက်တော့ ဥရောပစူပါဖလားပွဲမှာ ပထမဆုံးအကြိမ် မြို့ခံပြိုင်ဘက်တွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းနဲ့ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့်မို့လို့ မက်ဒရစ်အသင်း (၂) သင်းအနေနဲ့ ဥရောပစူပါဖလားပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မြို့ခံပြိုင်ဘက်နှစ်သင်း ရင်ဆိုင်ရမယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်နေပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာ ဗိုလ်လုပွဲတွေမှာ အနိုင်ရရှိဖို့အတွက် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ် နဲ့ အက်သလက်တီကိုအသင်းတို့ဟာ ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နဲ့ ၂၀၁၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲတို့မှာ ရင်ဆိုင်ခဲ့ကြဖူးပြီးတော့ (၂) ကြိမ်စလုံးမှာ ရီးရဲလ်အသင်းကသာ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD