AD
AD
AD

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ဆယ်စုနှစ်အတွင်း အကြီးကျယ်ဆုံး ပွဲတစ်ပွဲကို ယှဉ်ပြိုင်ကစားဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်အဖြစ် ရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့် မေလ (၂၇) ရက်နေ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ (၁၃)နှစ်ကြာ ဆုဖလားမရရှိမှုကို အဆုံးသတ်နိုင်တော့မှာလားဆိုတာက စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာအခြေအနေတစ်ခုက ရှိနေခဲ့ပါတယ်။ အဲဒါကတော့ အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်ကြတဲ့ ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလာ နဲ့ အမ်မရီချန်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီးတော့ ချန်ပီယံလိဂ်ပွဲ ကန်ရမယ့် အချိန် သမယ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ရာမဒန်ဥပုသ်ကာလ ဖြစ်နေပြီးတော့ မေလ (၁၅)ရက်နေ့၊ အင်္ဂါနေ့မှာ ဥပုသ် ကာလ စတင်မှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

play

 

ဥပုသ်ကာလအတွင်းမှာ နေ့လယ်အချိန်တွေမှာ ဘာမှစားသုံးခြင်း၊ သောက်သုံးခြင်းမရှိရပဲ နေ၀င်ချိန်မှသာ စားသုံး၊ သောက်သုံးမှုတွေ ပြုလုပ်ရတာဖြစ်ပြီးတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမလားဆိုတာကို လီဗာပူးလ်အသင်း တာဝန်ရှိသူများက စိုးရိမ်လျက် ရှိပါတယ်။ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရဲ့ နေ၀င်ချိန်ဟာ ဒေသစံတော်ချိန် ည (၉) နာရီဖြစ်တယ်လို့ သိရပြီးတော့ အဆိုပါအချိန်ဟာ ဗိုလ်လုပွဲ ကစားရမယ့်အချိန်မတိုင်ခင် မိနစ် (၅၀)အလို ဖြစ်တာကြောင့် လီဗာပူးလ် အသင်းက ပိုမိုပြီးတော့ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

play

 

မာနေး၊ ဆာလာတို့ဟာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ပြီးတော့ ဘာသာရေးကိုင်းရှိုင်းသူတွေလည်း ဖြစ်ပြီး သူတို့ရဲ့ အထွတ်အမြတ်ထားရာ ဥပုသ်ကာလအတွင်းမှာ ဘာသာရေးပိုင်းဆိုင်ရာ ဆောင်တာများကို ပိုမိုလုပ်ဆောင်ကြမှာ ဖြစ်တာကြောင့် ပွဲကစားဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု ရရှိပါ့မလားဆိုတာကလည်း သံသယ၀င်စရာကောင်းပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ် ကစားမယ့်အချိန်မှာတော့ ကွင်းလယ်လူ အမ်မရီချန်ကလည်း ဒဏ်ရာက ပြန်လည်သက်သာခါစ အနေအထားမှာပဲ ရှိနေမှာ ဖြစ်တာမို့ လီဗာပူးလ်အသင်းအတွက် ဘေးကျပ်နံကျပ် ဖြစ်လာဖွယ် ရှိပါတယ်။

play

 

၂၀၁၆ ခုနှစ်က ဒေးလီးမေးလ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာတော့ ဆာဒီယိုမာနေးက - " ဘာသာရေးက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ အစ္စလာမ်တရားတော်ရဲ့ စည်းမျဉ်းတွေကို လေးစားမှုအပြည့်ရှိပြီးတော့ တစ်နေ့ကို ငါးကြိမ် ပုံမှန် ၀တ်ပြုလေ့ ရှိပါတယ်" လို့ မာနေးက ပြောကြားခဲ့ဖူးပါတယ်။ အခြားတိုက်စစ်မှူးတစ်ဦး ဖြစ်သူ ဆာလာကတော့ " ရာမဒန်ဥပုသ်ကာလာက ကျွန်တော့်အတွက် အနည်းငယ်ခက်ခဲမှုတွေ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နေ့စဉ် လေ့ကျင့်ခန်း (၂)ခါ ပြုလုပ်ရပါတယ်၊ ရာသီဥတုက အရမ်းပူပြင်းပြီးတော့ ပွဲတိုင်းကို ကျွန်တော်ကစားနေရပါတယ်" လို့ ဆာလာက လီဗာပူးလ်အသင်း ၀က်ဘ်ဆိုက်ကို ပြောကြားမှု ရှိခဲ့ပါတယ်။

play

 

လီဗာပူးလ်အသင်းဖော် မော်ရီနိုကလည်း ဆာလာရဲ့ အနေအထားနဲ့ ပတ်သတ်ပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ပြောကြားခဲ့ရာမှာ - " ဆာလာဟာ လေ့ကျင့်ကွင်းမှာ (၂၀) ရာခိုင်နှုန်းလောက်ပဲ အားထုတ်နေပါတယ်၊ သူ့အနေနဲ့ ဒဏ်ရာရရှိသွားမှာကို အရမ်းစိုးရွံ့နေလို့ပါ၊ အခုဆို ရာမဒန်ကာလ ရောက်လာတော့မှာပါ၊ သူ့အတွက် ကျွန်တော်ပိုပြီးတော့ စားသောက်ပေးမှာပါ၊ ကျွန်တော်လုပ်ပေးနိုင်တာ ဒါပဲရှိပါတယ်" လို့ အသင်းဖော်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD