AD
AD
AD

မနေ့က ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ ကျော်ကြားမှုအရှိန်အ၀ါကို အသုံးချပြီးတော့ ကွင်းလယ်ဒိုင်လူကြီးကို လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ တစ်ဖက်ကို (၂)ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီးတော့ ဘာစီလိုနာအသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားရယူဖို့ ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

" ပထမပိုင်းအပြီး အ၀တ်လဲခန်းထဲသွားရာလမ်းမှာ မက်ဆီဟာ ဒိုင်လူကြီးကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်၊ ဘာတွေပြောခဲ့လဲဆိုတာတော့ ကျွန်တော်မသိခဲ့ပါဘူး၊ ဒုတိယပိုင်းမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လုပ်နေတာမျိုးလားဆိုတာလည်း ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် ကွင်းထဲက ထွက်ခွာအပြီးမှာ ဒီလိုပြုမူတာဟာ အဓိပ္ပာယ်မဲ့မဟုတ်ပါဘူး၊ သူ့အနေနဲ့ လေးစားမှုတွေ ရှိခဲ့သင့်ပါတယ်" လို့ ရာမို့စ်က ပြောကြားခဲ့ပါတယ်။

play

 

ပွဲချိန်အတွင်းမှာ ရီးရဲလ်ကွင်းလယ်လူ ဂါရတ်ဘေးလ်ဟာ ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ဥပဒေပ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အပေါ်မှာ ကွင်းလယ်ဒိုင်ကို ဘာစီလိုနာအသင်းသားတွေက အနီကတ်ပြသဖို့ ဖိအားပေးခဲ့မယ့် ဒိုင်လူကြီးက တစ်စုံတစ်ရာ အရေးယူမှု မပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းနာကျင်အချိန်ပိုမှာတော့ ဘာစီလိုနာကစားသမား ရောဘတ်တိုဟာ မာဆယ်လိုကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပြီး ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

play

 

မက်ဆီအနေနဲ့ ကွင်းလယ်ဒိုင်ကို ဆဲဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပြီး စပိန်ရေဒီယို Onda Cero ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ကွင်းလယ်ဒိုင်ကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ " ငါတို့က ဖလားရပြီးသား၊ အနီကတ်ပြပြိးတော့ သူတို့အတွက် လက်ဆောင်ပေးနေစရာမလိုဘူး၊ သောက်အဓိပ္ပာယ်ကိုမရှိဘူး" လို့ မက်ဆီက ဒိုင်လူကြီးကို ကြိမ်းမောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

ကွင်းလယ်ဒိုင်အနေနဲ့ မက်ဆီကို ဘယ်လိုတုံ့ပြန်မှုမှ မပြုလုပ်ခဲ့ပဲ မက်ဆီရဲ့ တဖျစ်တောက်တောက်ပြောဆိုနေမှုကို ဒိုင်လူကြီး အ၀တ်လဲခန်း အတွင်း မသွားခင် အေးအေးဆေးဆေးနားထောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆွာရက်ဇ် နဲ့ ရီးရဲလ်နောက်ခံလူ ဗာရာနီတို့ဟာလည်း ငြိစွန်းမှုတွေဖြစ်ခဲ့သလို မာဆယ်လို နဲ့ ယော်ဒီအယ်လ်ဘာတို့ဟာလည်း ပြစ်ဒဏ်ဘောကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို တစ်စုံတစ်ရာ ပြစ်ဒဏ်မပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ဒေါသထွက် နေခဲ့တာလည်းဖြစ်ပါတယ်။

Source : Bleacherreport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD