AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- လိုင်ယွန်တိုက်စစ်ကစားသမား ဖယ်ကီယာဟာ လီဗာပူးလ်ကို လာမယ့်ဘောလုံးရာသီမှာ ပြောင်းရွှေ့မှာဖြစ်တယ်လို့ Canal Plus မှ သတင်းထောက်ဖြစ်သူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖယ်ကီယာဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့အတွက် ပေါင် (၆၂) သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းများထွက်အပြီးမှာ အခုလိုမျိုး အတည်ပြုပြောစကား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

play

 

- မန်ယူအသင်းဟာ ဒေါ့မွန်အသင်းမှ ကစားသမား ပူလီဆစ်အတွက် အသင်းကစားသမား မာရှယ်+ငွေသား နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အသက် (၂၂) အရွယ်ရှိ မာရှယ်ဟာ လာမယ့်ရာသီမှာ မန်ယူအသင်းက ထွက်ခွာဖို့ သတင်းကြီးနေပြီး အခုအခါမှာတော့ ပူလီဆစ်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုခံရဖွယ် ရှိနေပါတယ်။

play

 

- အေဂျက်ဇ်အသင်းကတော့ အသင်းရဲ့ ဆယ်ကျော်သက်ကစားသမား ကလွိုင်ဗက်ကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ မန်ယူအသင်းက စိတ်ဝင်စားနေခဲ့တဲ့ တိုက်စစ်မှူးလေးကို အေဂျက်ဇ်အနေနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲတယ်လို့ ၀န်ခံခဲ့ပြီးနောက်မှာ ကလွိုင်ဗက်ကို အသင်းမှာ ဆက်ရှိနေစေဖို့ ခြေလှမ်းစတင်လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။

play

 

- အဲဗာတန်တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ၀ါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ၀ိန်းရွန်နီဟာ မိခင်ကလပ် အဲဗာတန်အသင်းမှာ ပုံမှန်နေရာရဖို့နဲ့ ပုံမှန်ခြေစွမ်းပြသဖို့ ကြိုးစားနေရပြီး အဲဗာတန်အသင်းက ၀ိန်းရွန်နီကို ပြန်လည်ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေကို မျှော်လင့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- စပိန်နာမည်ကြီးသတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့အတွက် ကနဦးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လာမယ့်ရာသီမှာ ဂရစ်မန်းဇ်အသင်းက ထွက်ခွာဖို့ ရှိနေတာမို့ ဆီမြွန်နီ အနေနဲ့ အခြားတိုက်စစ်မှူးတစ်ဦးကို အစားထိုးဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပြီး ကာဗာနီအနေနဲ့ နိုင်ငံအသင်းဖော်တွေဖြစ်တဲ့ ဂိုဒင်၊ ယီမင်နက်ဇ်တို့နဲ့ အက်သလက်အသင်းမှာ ပြန်လည်လက်တွဲရဖွယ်ရှိနေပါတယ်။

Source :Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD