AD
AD
AD

ဘရာဇီး ကြယ်ပွင့် နေမာအနေနဲ့ လာမယ့်ရာသီအသစ်မှာ လာလီဂါ ကလပ် ရီးရဲအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ပီအက်စ်ဂျီအသင်းမှာသာ ဆက်ရှိနေမယ်လို့ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ နာဆာက ထုတ်ဖော်ပြောခဲ့ပါပြီ။

play

 

နေမာအနေနဲ့ ပီအက်စ်ဂျီကို ယခုနှစ်ဘောလုံးရာသီမှသာ ဘာစီလိုနာအသင်းထံမှရောက်ရှိလာခဲ့တာ ဖြစ်ပြီး တစ်နှစ်အကြာမှာပင် ယခုလို အသင်း ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ကမ္ဘာ့စံချိန်တင်ခေါ်ယူထားခဲ့တဲ့ နေမာကို ပီအက်စ်ဂျီအသင်း လက်လွှတ်ခံမှာ မဟုတ်ပဲ အသင်းကနေထွက်ခွာဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူးလို့ ဥက္ကဋ္ဌ နာဆာက ပြောခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဒဏ်ရာကြောင့်အနားယူနေရတဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ နောက်ထပ် ၄ နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ရှိနေသေးပြီး စာချုပ်ပါ အချက်အလက်အရ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေဖို့ ရာခိုင်နှုန်းအားဖြင့် ၂ထောင်ရာခိုင်နှုန်းလောက်ကို သေချာပါတယ်လို့ ဥက္ကဋ္ဌ က ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းရဲ့ နည်းပြချုပ် အူနိုင်းအမ်ရီကတော့  နေမာဟာ ကလပ်အသင်းမှာ မပျော်ရွှင်ပဲ အသင်းနဲ့အတူလည်း ကြာကြာ ရှိမနေ နိုင်ဘူးလို့ ထုတ်ဖော်ပြောထားခဲ့တာကြောင့် ရာသီအကုန်မှာ ရီးရဲအသင်းကပဲ နေမာကို မြင့်မားလွန်းတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မလား၊ ပီ အက်စ်ဂျီအသင်းကပဲ ဆက်လက်ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Source- Gola.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD