AD
AD
AD

တနင်္လာနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့အဓိကကစားသမား နေမာကို လက်လွှတ်ဆုံးရှုံးရပါက မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို မရမက ခေါ်ယူသွားမယ်လို့ သိရပါတယ်။ နေမာကတော့ ရီးရဲလ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်နေခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း နေမာကို စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

play

 

- ဘာစီလိုနာ နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပြင်သစ်တိုက်စစ်မှူးဂရစ်မန်းဇ်အတွက် ယူရို၁၁၅သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Sport က ဖော်ပြလိုက်ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ယူရိုသန်း ၁၀၀ လျော်ကြေးစာချုပ်ချုပ်ဆိုထားတဲ့ ပြင်သစ် တိုက်စစ်မှူးကို ဘာစီလိုနာအသင်းက ဈေးနှုန်းပိုမိုပေးချေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းသွားဖွယ် ရှိကြောင်း Don Balon က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ ဂါရတ်ဘေးလ်ဟာ လာမယ့် နွေရာသီမှာ ဘာနေဗျူးက ထွက်ခွာဖွယ်ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play

 

- ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်ကစားသမား ၀ီဖရိုက်ဇာဟာက သူဟာ ပဲလေ့စ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။  အသက် (၂၅)နှစ်အရွယ်ရှိ ကစးသမားကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက စောင့်ကြည့် နေကြပြီးတော့ ပေါင်သန်း ၅၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာဟာက ပဲလေ့စ်ဟာ သူ့ရဲ့ အိမ်ဖြစ်ကြောင်း ဆိုခဲ့ပြီး ထွက်ခွာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

- အဲဗာတန်အသင်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ဟာ ၀က်ဖို့ဒ်အသင်းရဲ့ နည်းပြဟောင်း မားကိုဆေးဗားလ်အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ဟူးလ်စီးတီးနည်းပြဟောင်းလည်း ဖြစ်ခဲ့သူ ဆေးလ်ဗားကို ၀က်စ်ဟမ်းအသင်းက မိုယက်စ်နေရာမှာ အစားထိုးဖို့နဲ့ အဲဗာတန်အသင်းကတော့ ဆမ်အလာဒိုက်နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD